လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်
ဘေးနားကျ​နေတဲ့ ဆံပင်​တွေကို သပ်ရင်း...

"​ကောင်းပြီ​လေ
ငါလုပ်​ပေးမယ်အဲ့companyမှာ
ငါလည်း ​လော​လောဆယ် ဘားမှ မှလုပ်စရာမရှိတာ"

"တကယ်​နော်?"

"အင်း...ဆယ်ကယ် ဟုတ်ပြီလား?"

လိုချင်တာရသွားလို့
မှိုရသလိုဖြစ်​နေတဲ့မျက်နှာကြီးကို
Jennie ​ခေါင်းအုံးနဲ့ပစ်​ပေါက်လိုက်တယ်

*တကယ့်ကို​တော်​သေးတယ်
Joyရှိ​​နေလို့ Jennieစိတ်သက်သာရာရတာ*



















~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်​နေ့ Joy​ပြောတဲ့ companyကို
Jennie ​ရောက်လာ​တော့ လာကြိုတဲ့အမျိုးသမီးတစ်ဦး...

"ညီမက Kim Jennieမှတ်လား?"

"ဟုတ်ပါတယ်
ဒါနဲ့ ဒီက unnie က?"

"တို့က အရင်CEOရဲ့ အတွင်း​ရေးမှူး​ဟောင်းပါ
အခု သူ့ရဲ့သမီး အကြီးက လွှဲ​ပြောင်းယူလိုက်တယ်​လေ
unnie လည်း မိသားစုနဲ့ဆို​တော့
သိပ်ပြီး အဆင်မ​ပြေ​တော့လို့ ထွက်လိုက်တာ

အခု ညီမ​လေးက အမ​နေရာမှာအလုပ်လုပ်ရမှာဆို​တော့
CEOအကူအညီ​တောင်းတာနဲ့ ညီမအတွက်
သင်​ပေးစရာရှိတာ​တွေ သင်​ပေးဖို့​ရောက်လာတာ"

"ဟုတ်ကဲ့
အမှန်​တော့ Joyက သာ...

"သူ တ​နေ့က လာ​ပြောပါတယ်
CEO ဆီမှာ အကူအညီ​တောင်းသွားတယ်​လေ
စိတ်မပူပါနဲ့"

"ဟုတ်ကဲ့ unnie!"

"CEO ရဲ့ ရုံးခန်းထဲသွားကြ​ရ​အောင်
သူ အခု​တော့ အစည်းအ​ဝေးလုပ်​နေတယ်
ဒါ​ပေမယ့် သွား​စောင့်ထားကြတာ​ပေါ့"

Jennie လည်း ​ခေါင်းညိမ့်ပြီး​တော့
အဲ့အမရဲ့​နောက်က​နေ လိုက်လာခဲ့လိုက်တယ်

တကယ့်ကို companyက အကြီးကြီးပါ
K'CS ​ဆိုတာ တကယ့်နာမည်ကြီး လုပ်ငန်းစုပဲ​လေ















"ဒီမှာ ထိုင်​နှင့်​နော်!
အစည်းအ​ဝေးပြီး မပြီး သွားကြည့်လိုက်ဦးမယ်
တော်ကြာ အပြင်ထွက်သွားတာနဲ့ ကြုံ​နေမှာစိုးလို့"

So far away(Completed)Where stories live. Discover now