ဥက္ကဌ၏ချစ်သူကောင်လေး

Start from the beginning
                                    

"စုပေ!! နင်ကတကယ့်ကိုအရွယ်ရောက်လာပြီပဲ နင်ငါ့ကိုထားခဲ့ပြီးတကယ်အိမ်ပေါ်ကဆင်းသွားရဲတယ်ပေ့ါ?!"

စုပေရုတ်တရက်လန့်ပြီးတုန်သွားတယ်။ ဒါပေမယ့်ချက်ချင်းပဲ တောက်ပနေအပြုံးကြီးကြီးကိုပန်ဆင်ပြီး နောက်လှည့်လိုက်တယ်။

"အိုး ချစ်လှစွာသောမေမေရေ ဘယ်လောက်တိုက်ဆိုင်လိုက်ပါလိမ့်"

မေမေစုကဘာမှပြန်မပြောတေ့ာဘဲ စုပေရပ်နေသည့်နေရာသို့တိုက်ရိုက်သွားကာ သူ့ကိုပါးချလိုက်သည်။

"နင်ငါ့ကိုအခုထိတော့ နင့်အမေမှန်းသိသေးတယ်ပေါ့ ဟမ်..ဒါဆိုအခုအိမ်ပြန်လာမှာလား မလာဘူးလား"

စုပေ အကြီးအကျယ်မကျေမနပ်မှုများဖြစ်သွားသည်။

"အမေပဲကျွန်တော့်ကိုအိမ်ပေါ်ကနှင်ချခဲ့တာမဟုတ်ဘူးလား"

ရှုပ်ထွေးသောခံစားချက်အချို့ မေမေစုမျက်လုံးထဲမှာပေါ်သွားသည်။ ဒါပေမယ့်ခပ်မြန်မြန်ပဲထိုခံစားချက်တွေ ပြန်ပျောက်သွားတယ်။

"ငါကမင်းကိုငါ့အတွက် ချွေးမတစ်ယောက်လောက်ရှာပေးပါလားလို့မေးခဲ့တာ အဲ့ဒီ့နောက်ဘာဖြစ်သွားလဲ ချွေးမမရတဲ့အတဲ့အပြင်မင်းကိုပါဆုံးရှုံးလိုက်ရတယ်လေ"

"ကောင်းပြီ မင်းအခုငါ့အတွက်ချွေးမတစ်ယောက်ရှာပေးစရာမလိုတော့ပါဘူး မင်းအန်တီကျိုးရဲ့သမီးကနိုင်ငံခြားကနေ ငါတို့အိမ်ကိုရောက်လာလိမ့်မယ် ပြီးတော့သူကမင်းနဲ့လက်ထက်ချင်တယ်တဲ့"

"ငါတို့မင်္ဂလာရှိမယ့်ရက်ကောင်းရက်မြတ်ကိုတောင် ရွေးပြီးပြီ အိမ်ပြန်ရောက်တာနဲ့လက်ထက်ဖို့တောင်ရပြီ"

စုပေကားထဲကိုပစ်ထဲခြင်းခံလိုက်ရတယ်။ ထိုကားလေးကစုပေကိုတင်ပြီး အိမ်သို့ပြန်ရန်မောင်းနှင်နေပြီ စုပေအခုဘာဆက်လုပ်ရတော့မလဲမသိဘူး လက်ထက်ပွဲကလည်းမထင်မှတ်ထားစွာအရမ်းမြန်လွန်းနေတယ်။ မဖြစ်ဘူး mission ပြီးမြောက်အောင်လုပ်ရဦးမယ်။ စုပေသူ့အမေများနောက်နေတာလားလို့ထင်ပြီးကြည့်မိလိုက်ပေမယ့် သူ့အမေပုံကတကယ့်ကိုအတည်ကြီးသူ့ကိုလက်ထပ်ပေးတော့မယ့်ပုံ ဖြစ်နေတယ်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now