"ရပါတယ်။"
ရီကျင်းက ပြုံးပြလာသည်။

ဝမ်ရွှိ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်စွန်းထင်း
နေသောအပြုံးကြီးရှိနေ၏။
"နင် ကျန်ချန်ကို တစ်ခုခုပေးချင်တာ၊ ဘာလို့ ကုဖေးနာမည်ခေါ်နေသေးလဲ။"

ရီကျင်းက ရှက်ကိုးရှက်ကန်း နှင့် ဆံပင်ကို သပ်တင်လိုက်သည်။
"ရုတ်တရက်ဆိုတော့, ငါ ကျန်ချန် နာမည်ကို မမှတ်မိလိုက်လို့။"

သူမပြန်ထွက်သွားသည့်အခါ ဝမ်ရွှိက သူမနောက်ကျောကြည့်ပြီး၊ ကျစ်သပ်လိုက်၏။
"နင်က ကုဖေးရဲ့နာမည်ပဲမှတ်မိတာမလား,
ဟမ့်!။"

ကုဖေးက ဝင်ပြောလာသည်။
"သူက ကျန်ချန်နာမည်ကိုပဲမမှတ်မိတာ။"

..

လောင်ရွှိနှင့်လောင်လုသည် အလွန်ရက်ရောနေလျှက်ရှိသည်။ ပြိုင်ပွဲ က သူတို့ မျှော်လင့်ထားသည်ထက်ကျော်လွန်သွားသောကြောင့် သူတို့ကတစ်ဖွဲ့လုံးအတွက်တက္ကစီခေါ်ပေးတဲ့အပြင် ဘာဘီကျူးကိုဘူဖေးဆိုင်မှာ ကျွေးဖို့အထိပြင်ဆင်နေ၏။

ကုဖေးသည် ဆိုင်ဝင်ပေါက်ရှေ့မှာလောင်ရွှိကို တားလိုက်၏။
"ရွှိကျုံး,ဒီဆိုင်ကစျေးအရမ်းကြီးတယ်။စျေးသက်သာတဲ့ဆိုင်သွားလည်းရပါတယ်။ဒါက တွေ့ဆုံပွဲပဲဟာ။ အရမ်း ကြီးကြီးကျယ်ကျယ်လုပ်စရာမလိုဘူး။"

"ဘာတွေ့ဆုံပွဲလဲ။"
ဘေးနားမှလောင်လုကဝင်ပြောသည်။
"ဒါက အောင်ပွဲခံနေတာ။ကုဖေး ဆိုင်ထဲဝင်။ မင်းရဲ့ ရွှိကျုံးနဲ့ငါက ဒီလောက်တော့ ပိုက်ဆံရှင်းနိုင်တယ်။စိတ်မပူနဲ့။။"

"ဘယ်လောက် လိမ္မာတဲ့ကောင်လေးလဲ။"
လောင်ရွှိသည် ကျေနပ်နေသောမျက်နှာနှင့်
ကုဖေး၏လက်မောင်းကိုဆုပ်ကိုင်လိုက်၏။
"လိမ္မာလိုက်တဲ့ လူလေး။ ဆရာ့အတွက်စဥ်းစားပေးရမှန်းတောင်သိနေပြီ။ငါ နားလည်ပါတယ် ,မင်းက...။"

"ကယ်တင်လို့ သေးတယ်ဆိုတာ။"
ကုဖေးက သူ့စကားကို အဆုံးသတ်ပြောပြီး ဆိုင်ထဲသို့ဝင်သွားသည်။

ကျန်ချန် ရယ်ချင်စိတ်ကို ချုပ်ထိန်းပြီး သူတို့ နောက်မှ လိုက်လာလိုက်တယ်။

..

စားသောက်ဆိုင်မှာ သီးသန့်အခန်းကျယ် ရှိသည့်အတွက် သူတို့အားလုံး သီးသန့်အခန်းကိုယူလိုက်ကြသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now