ကုဖေးက မေးလာ၏။
"တစ်လိပ်ယူအုံးမလား။"

"မယူတော့ဘူး။"
ကျန်ချန် ငြင်းလိုက်တယ်။သူနှင့်ဖန်းကျိသည်လူကောင်းတွေမဟုတ်၍ ကျောင်းသန့်စင်ခန်းမှာ ဆေးလိပ်ခိုးသောက်လေ့ရှိသော်ငြား.....။

သူတို့အရှေ့မှလမ်းလျှောက် နေသည့် ဝမ်ရွှိက နောက်သို့ ခေါင်းလှည့်လာ၏။
"ဘာဓာတ်ပုံလဲ?။ တစ်ယောက်ယောက်က ငါတို့ပုံတွေရိုက်သွားတာလား?။အာ,ဟုတ်သား။ လူတစ်ယောက်ရိုက်သွားသေးတယ်။ဒီနေ့ကျငါတို့အားလုံး အရမ်းခန့်ညားနေတာ။ညကျမှ ကျောင်းဖိုရမ်မှာဝင်ကြည့်ရမယ်။ဖိုရမ်ပေါ်မှာပုံအမျိုးမျိုးရှိလောက်တယ်။ ဒါပေမဲ့ ,မင်းတို့နှစ်ယောက်ပုံတွေကြည့်ပဲနေမှာပါ။"

ကုဖေးက သူ့ကိုပြောလိုက်သည်။
"နောက်ပြိုင်ပွဲကျ မင်းအတွက်ဓာတ်ပုံရိုက်ပေးမယ့်လူတစ်ယောက်ရှာလာခဲ့မယ်။"

"မင်းတကယ်ပြောတာလား။"
ဝမ်ရွှိကရယ်လာ၏။
"တော်ပါပြီ ။ ငါ့ကို လာနောက်မနေနဲ့။"

သူတို့နောက်မှ လူတစ်ယောက်က "ကုဖေး"ကို လှမ်းခေါ်လာသည်။

သို့သော်,ဝမ်ရွှိက အရင်လှည့်ကြည့်လိုက်၏။
"အိုး,အတန်းခေါင်းဆောင်ပါ့လား။"

ကျန်ချန် လှည့်ကြည့်လိုက်သည့်အခါ ရီကျင်း လက်ထဲမှာအိတ်တစ်အိတ်ကိုင်ထားရင်း ပြေးလာနေသည်ကို မြင်လိုက်ရသည်။

ကုဖေးကလည်း လှည်ကြည့်လာ၏။
"မင်း ငါ့ကို ခေါ်လိုက်တာလား။"

"ဒါလေး...."
ရီကျင်းကအိတ်ကိုကျန်ချန်ဆီကမ်းလာ၏။
"အရက်ပြန်နဲ့လိုအပ်တဲ့ပစ္စည်းကိုဆေးခန်းကယူလာပေးတာ။နင် ပြိုင်ပွဲမှာတုန်းက လဲသွားတယ်မလား....နင် ဒဏ်ရာရမရ ပြန်စစ်ကြည့်သင့်တယ်။"

"အိုး။ "
ကျန်ချန် အံသြသွားတယ်။ သူ့တံတောင်ဆစ်က နည်းနည်းနာနေသေးသည်။ဒါပေမဲ့ သူတို့အားလုံးသည် ယူနီဖောင်းအောက်မှာတီရှပ်ခံဝတ်ထား၏။ ထို့ကြောင့် , သူလဲသွားချိန်တွင်သူ့တံတောင်ဆစ်အကျီလက်က ဆုတ်ပြဲသွား
သည်မှလွဲ၍ ကြီးကြီးမားမား ဒဏ်ရာမရချေ။
သူ အိတ်ကို လှမ်းယူလိုက်ပြီး "ကျေးဇူး" တင်
လိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now