Part 30(unicode)

7.1K 1.4K 176
                                    

Chapter 30; အရှိအရှိတိုင်းဖြစ်သောဆွဲဆောင်မှုအားတစ်ခု။

"ငါပြောချင်တာက မင်း......"
ကုဖေးက သူ့၏'အာ'ဆိုသည့်စကားကြောင့် အာရုံထွေးပြားပြီး ဘာဆက်ပြောသင့်မှန်းမ
သိဖြစ်သွားတယ်။
"မင်း ပိုက်ဆံအိတ်ဖောင်းအောင် အလုပ်လုပ်ချင်လား?။"

"ဟမ်?။"
ကျန်ချန် သူ့ကို ထပ်လှည့်ကြည့်လိုက်တယ်။ 'ပိုက်ဆံအိတ်ဖောင်းအောင်'ဆိုတဲ့အကြောင်း
ပြချက်က ပိုပြီးထူးဆန်းမနေဘူးလား။

ကုဖေးက သူ့ကိုရှင်းပြလာသည်။
"ဓာတ်ပုံနည်းနည်းပါးပါး အရိုက်ခံရုံပဲ။"

ကုဖေးက သူ့ကိုမတော်တရော်အလုပ်များဖြင့်မိတ်ဆက်ပေးမည်မဟုတ်မှန်းကျန်ချန်သိ၏။ယခုချိန်မှာ ပြင်းထန်သော ဘက်စကတ်ဘောပြိုင်ပွဲကြောင့် သူ့ဦးနှောက် သွေးလည်ပတ်မှု ကောင်းကောင်း မလုပ်ဆောင်နိုင်ချေ။ သူ့မှာ "မကောင်းတဲ့ရည်ရွယ်ချက်များပြည့်နေသည့် ထောင်ချောက်"ဆင်ရန်အကြောင်းမနားတမ်းတွေးနေခဲ့သောကြောင့် ၊ အတွေးထဲမှ အချိန်အတိုင်းအတာတစ်ခုထိရုန်းမထွက်နိုင်ခဲ့ဘူး။
ထို့ကြောင့် သူရှေ့မကြည့်နောက်မကြည့်ပြောလိုက်တယ်။
"ငါက ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်။"

"ရွှယ်ပါ့ရဲ့ဉာဏ်ရည်ကဒီလောက်ထိပဲရှိတာလား။ မင်း အရင်ကအထူးသီးသန့်ကျောင်းမှာတက်ခဲ့တာ ၊ဟုတ်ပါတယ်နော်?။"

"အိုး...။"
ကျန်ချန် စိတ်နှင့်လူ ပြန်ကပ်သွားသည်။
"ဓာတ်ပုံရိုက်ရမှာ,ဘယ်လိုဓာတ်ပုံမျိုးလဲ?။"

"ခန္ဓာကိုယ်ဝတ်လစ်စလစ်ဓာတ်ပုံ။"
ကုဖေးက စိတ်အနှောင့်အယှက်ဖြစ်ဟန်နှင့်ပြောသည်။သူက လမ်းလျှောက်နေရင်းနှင့်
စီးကရက်ကို မီးညှိလိုက်၏။
"မင်း နိုးနိုးကြားကြားပြန်ဖြစ်မှ၊ ဒီကိစ္စကို ဆက်ပြောရအောင်။"

"ငါ အခုလည်း နိုးနိုးကြားကြားဖြစ်နေပြီ။"
သူ့နှုတ်ခမ်းမှာတေ့ထားတဲ့စီးကရက်ကိုကြည့်ပြီးကျန်ချန်ပြောစရာစကားမဲ့သွား၏။ကုဖေး က သန့်စင်ခန်းမှာဆေးလိပ်ခိုးသောက်နေကြဆိုတာ သူသိသည်။ဒါပေမဲ့,နေ့လည်ခင်းကြီး အားကစားကွင်းထဲမှာဆေးလိပ်သောက်လိမ့်မယ်လို့ သူ မထင်ထားဘူး။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now