"အင်း။"
ကုဖေးက ရေမော့သောက်နေ၏။
"သူ့နာမည်က လီယုတုန်။"

ဝမ်ရွှိ  ပွင့်ပွင်းလင်းလင်း သူ့အတွက်သူ မေးလာသည်။
"ငါက ဘာလုပ်ရမှာလဲလို့။"

"ခေါင်းဆောင်,ငါ့လက်ထဲဘောလုံးရှိနေတုန်း တစ်ယောက်ယောက်က ငါ့ကိုလာနှောင့်ယှက်လာရင် အဲ့လူကိုတိုက်ရိုက် ကိုင်တွယ်ဖြေရှင်းလိုက်လို့ရတယ်။"

ဝမ်ရွှိက ရင်ဘတ်ပုတ်ပြလာသည်။
"အိုကေ,ကိစ္စမရှိဘူး။"

"ပြီးတော့,နောက်တန်းကိုပြန်ဆုတ်ရင် အရှိန်လျော့မယ်။ထရိန်နင်းမှာလေ့ကျင့်တဲ့အတိုင်းဆက်လုပ်။ ပြိုင်ဖက်အသင်းက ရှေ့တန်းကိုကျူးကျော်လာရင် ငါတို့ကဘတ်စကတ်ခြင်းနားပြန်ဆုတ်မယ်။ ကစားသမား နှစ်ယောက်ကThree-secondစည်းမှာနေပြီး၊ကျန်တဲ့လူတွေက three-point စည်းထိပြန်ဆုတ်မယ်။သူတို့ကို ဘာအခွင့်အရေးမှ မပေးနဲ့။"

"နားလည်ပြီ။ငါတို့ဆက်လက်တိုက်ပွဲဝင်ကြမယ်။ငါတို့လေ့ကျင့်ထားတွေကို လက်တွေ့အသုံးချရတော့မယ်။"
ဝမ်ရွှိက စကားပြောရင်း လူတိုင်း၏ပခုံးတွေကိုလိုက်ပုတ်နေ၏။ကျန်ချန်နားရောက်တော့သူက မြန်မြန်ကျော်သွားပြီး ကုဖေးအနားသို့
သွားပြီး ကုဖေး၏ပခုံးကိုပုတ်လိုက်သည်။။
"တာ့ဖေး,ဆက်လက်တိုက်ပွဲဝင်ရအောင်။"

ကုဖေးက ကျန်ချန်ကိုလှမ်းကြည့်လာ၏။
"အင်း။"

ထိုအချိန် ကျန်ချန်နံဘေးမှ လူတစ်ယောက်ကမေးလာသည်။
"ရေဘူးယူဦးမလား။"

ကျန်ချန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ၊ ရီကျင်းက ရေသန့်တစ်ဘူးကိုင်ပြီးရပ်နေတာမြင်လိုက်ရ၏။ သူမက ကုဖေးကိုကြည့်ပြီးမှကျန်ချန်ကိုကြည့်လာ၏။

"ကျေးဇူး။"
ကျန်ချန် သူမလက်ထဲမှရေသန့်ဘူးကို ယူပြီး အဖုံးလှည့်ဖွင့်၍ တစ်ငုံသောက်လိုက်တယ်။

"နင်တို့ကစားတာအရမ်းကောင်းတယ်။"
ရီကျင်းက အသံတိုးတိုးနှင့်ပြောလာ၏။
"အတန်းထဲကလူတွေတစ်ခါမှဒီလောက်
စိတ်မလှုပ်ရှားဖူးဘူး။"

ကျန်ချန် သူမကို စကားပြန်မပြောပဲ ပြုံးရုံ
သာပြုံးပြလိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now