လျိုဖန်းက ခေါင်းလှည့်ကြည့်လာသည်။
"ဖာ့ခ်,ဘယ်ငတုံးက သူ့ဦးလေးဖြစ်တဲ့ ငါ့ကို
ဒီလိုမျိုးသယ်ခိုင်းတဲ့အထိ သတ္တိရှိနေတာလဲ မြင်စမ်းချင်ပါဘိ။"

ကုဖေး မေးလိုက်တယ်။
"ဒီပစ္စည်းတွေကိုခြေကျင်သယ်နေတာလား။"

"သူတို့က ပစ္စည်းကို လမ်းထိပ်မှာချခဲ့တာ။"
လျိုဖန်းက သူ့နားကြပ်တပ်ထားမြင်သွား၏။
"မင်း ဖုန်းပြောနေတာလား။"

"အင်း,ရှင်းကျဲနဲ့။"
ကုဖေး ဆိုင်ကယ်ကို ခြေထောက်ဖြင့်ထိန်းပြီး ထောက်လိုက်တယ်။
"တက်။"

လျိုဖန်းက ဆိုင်ကယ်နောက်ခုံပေါ် တက်ခွ
လာသည်။
"ဖြည်းဖြည်းမောင်းနော်။ညနေဘက်ဆို
လေအရမ်းတိုက်တယ်။"

တင်းကျူးရှင်းက ပြန်ဖြေလာ၏။
"ငါ့အတွက်မဟုတ်ဘူး။ဆိုင်အတွက်ငှားထားတဲ့ ဓာတ်ပုံဆရာကမင်္ဂလာဆောင်ဖို့ဆိုပြီး သူ့ဇာတိကိုပြန်သွားတယ်။သူ ဘယ်အချိန်မှ ပြန်
လာမလဲငါမသိဘူး။ပြီးတော့ငါလက်ရှိသုံးနေတဲ့မော်ဒယ်မှာလည်း အလုပ်တွေရှိသေးတယ်
အရေးကြီးကိစ္စကိုလာကူညီပေးပါဦး။ အဝတ်
အစားတွေပြင်ပြီးနေပြီ, ဓာတ်ပုံ အခုထိမရိုက်ရသေးဘူး။"

"အင်း,ရတယ်။မော်ဒယ်အသစ်ရှာပေးစရာ လိုသေးလား။"

"အင်း,ကုန်ပစ္စည်းအတွက်ငါတို့ရိုက်လိုရမယ့် ယာယီလူတစ်ယောက်ရှာထားပေး....လျိုဖန်း
ကိုတော့ သွားမမေးနဲ့။သူကကြည့်ကောင်းတဲ့ ကိုယ်အချိုးအစားရှိပေမဲ့......."

ကုဖေးရယ်လိုက်တယ်။
"ဒါပေမယ့်,မျက်နှာကကြည့်မကောင်းဘူး။"

"သူကလိုအပ်ချက်နဲ့မကိုက်ညီဘူး။"Badass"
ကုန်ပစ္စည်း အတွက် ငါ အချိန်တော်တော်ပေးထားရတာ။ပြီးတော့လျိုဖန်းကရိုးလွန်းတယ်။ သူ့ရုပ်ကလူမိုက်ရုပ်ပေါက်ပေမဲ့, 'ဂျစ်ကန်ကန် ကောင်လေး 'ရုပ်မျိုးမဟုတ်ဘူး။"
တင်းကျူးရှင်းက ဆက်ပြောသည်။
"နင့်စိတ်ထဲမှာ သင့်တော်တဲ့သူမရှိဘူးလား?။ အချိန်ကပ်နေပြီမလို့,ငါပုံမှန်ထက်ပိုလောနေရတာ။"

ဂျစ်ကန်ကန် ကောင်လေး ? ?

"ငါ ရှာထားပေးမယ်။"
ဘာ့ကြောင့်မှန်းမသိ, တင်းကျူးရှင်းက 'ဂျစ်
ကန်ကန်ကောင်လေး'လို့ပြောချိန်၊သူ့မျက်လုံးထဲမှာ ကျန်ချန်မျက်နှာကိုဖျတ်ခနဲမြင်ယောင်
လာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now