သူငယ်ချင်း ရှားသည့် အကြောင်း ပြောလျှင်,
ကျန်ချန်၏အသွင်အပြင်ကတကယ်အပေါင်း
အသင်းရှားတာဖြစ်၏။

သူတို့နှစ်ယောက်ကိုကြည့်တိုင်း သူခံစားချက် နှစ်မျိုးခံစားရသည်။ တစ်ယောက်က နုံအပြီး ရယ်စရာကောင်းတယ်။ ကျန်ချန်၏ပုံစံက...
လူအများ သူ့ကိုထိုးချင်အောင်လုပ်နိုင်စွမ်းရှိသည်။သူ့မျက်နှာပေါ်မှ စိတ်မရှည်သည့်အမူ
အရာကိုထည့်တွက်လျှင်၊ဝမ်ကျိုရစ်ကဲ့သို့လူ
နှင့်ယှဥ်ပြောစရာအကြောင်းမရှိချေ။

သို့သော်,သူတို့အရက်အတူသောက်တဲ့ညတွင်ကျန်ချန်သည်သူ့နဂိုပုံစံနှင့်နည်းနည်းကွဲထွက်နေ၏။အရက်သောက်ပြီးချိန်တွင်၊သူ့မျက်နှာ
ကစိတ်လှုပ်ရှားနေပြီး၊မဆိုစလောက်လိမ္မာနေသလားလို့.....!

ထိုအခိုက်အတန့်မှာ ခဏမျှကြာခဲ့တာနှမြောစရာကောင်း၏။သူက စီးကရက်ယူပြီးသည်
နှင့်သူ့နဂိုပုံစံအတိုင်းပြန်ဖြစ်သွားသည်။

ကျန်ချန်နှင့်ကုမြောင်တို့စကိတ်ပေါ်မှခုန်လိုက် ပြန်တက်လိုက်လုပ်နေတဲ့ မြင်ကွင်းကို ကုဖေးကြည့်လိုက်တယ်။ ထိုနေ့က ကျန်ချန်၏ကိုယ်
ရေးကိုယ်တာနှင့်ပတ်သတ်ပြီးသူဘယ်လိုမျိုးခံစားခဲ့ရမှန်းမေ့ခဲ့ပြီဖြစ်သည်။ မဟုတ်ဘူး....
အမှန်တိုင်းပြောလျှင်၊သူ့မှာခံစားချိန်မရှိဘူး။ ဒါပေမဲ့, ဆိုဖာတစ်ဖက်ခြမ်းမှာ သူပြန်ထိုင်၍
ကျောမှီလိုက်စဥ်မြင်လိုက်ရသောကျန်ချန်၏
'ဘာမှမဖြစ်ဘူး,ဘယ်သူမှမမှတ်မိပါဘူး။'ဆိုသည့် အမူအယာကအတော်ရယ်စရာကောင်း
၏။

ကျန်ချန်က ထိုကိစ္စအကြောင်းတစ်ခုမှမပြောတော့၍ သူအများကြီးဆက်မတွေးဖြစ်ခဲ့ဘူး။
'ပူရှစ်ဟောင်နျောင်'..။'ပူရှစ်ဟောင်နျောင်'တို့ အရက်မူးချိန်တွင် ပို...ပိုပြီးဒရာမာခင်းကြ၏။ လျိုဖန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့တာကြောင့်၊အရက်မူးချိန်တိုင်း ကင်မရာကို ကြိုပြင်ထားပေမဲ့၊အဆုံးကျ ဘောင်းဘီကျွတ်ပြီး မြေကြီးပေါ်မှောက်သွား၏။

ကျန်ချန်၏တုံ့ပြန်မှုမှာနည်းနည်းလွန်ကဲသော်
လည်း၊ တခြားလူသူ့ပခုံးပုတ်တာ,သူ့အင်္ကျီကိုကော်လံကိုဆွဲတာ ၊ဒါမှမဟုတ်၊သူ့မျက်နှာ ကို ထိလျှင်ပင် ပြန်ထိုးသည့်အကျင့်ကို စဥ်းစားမိတော့.........၎င်းလုပ်ရပ်ကတခြားအဓိပ္ပာယ်ပါတယ်လို့ပြောလို့မရဘူး။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now