Part 27(unicode)

7.3K 1.3K 81
                                    

Chapter 27; သူတို့နှစ်ယောက် ရည်းစားဟုတ်ဟုတ်,မဟုတ်ဟုတ်သူနှင့်မသက်ဆိုင်။


ကျန်ချန်နှင့်ကုမြောင်သည်ရှေ့မှဦးဆောင်ပြီး သွားနေချိန်တွင်၊ ကုဖေးနှင့်ဝမ်ရွှိဟာ စက်ဘီး ကိုယ်စီတွန်း၍ အနောက်မှလိုက်လာ၏။

ဝမ်ရွှိသည်ပြိုင်ပွဲအတွက်သူ့အစီအစဥ်များကိုတောက်လျှောက်ပြောနေပေမဲ့၊ကုဖေးကဂရုမစိုက်ချေ။ဝမ်ရွှိက ပြောချင်သမျှပြောပြီးလျှင်ကျေနပ်နေတတ်၍ နားထောင်သူရှိ,မရှိက သူ့အတွက်အရေးကြီးကိစ္စမဟုတ်ပေ။

ဖုန်းထဲမှဂိမ်းကို ကုဖေး ကစားနေ၏။ Craz3
ဂိမ်းနောက်တစ်ဆင့်တက်ဖို့နောက်ဆုံးအဆင့်သာကျန်တော့၍ သူ မြန်မြန်အောင်ချင်နေပြီ။အချိန်သုံးရက်ခန့်ရှိပြီဖြစ်သော်ငြား၊သူ့အခြေ
အနေက တိုးတက်လာမှုမရှိချေ။

ကုဖေးပြောလိုက်တယ်။
"ငါ့ကို အသည်းပုံပို့လိုက်ဦး။"

"........ပြီးတော့ မင်းကဘောလုံးကိုယူသွား။"
ဝမ်ရွှိကစကားများနေတာကိုရပ်လိုက်တယ်။
"ဘာပြောလိုက်တာလဲ။"

ကုဖေး ဖုန်းမျက်နှာပြင်ကို သူ့ရှေ့မှာဝှေ့ယမ်းပြလိုက်တယ်။

"အိုး,ခဏ။"
ဝမ်ရွှိကဖုန်းထုတ်ပြီး သူ့ကိုအသည်းပုံတစ်ခု ပို့လာသည်။ထို့နောက်,သူက အရှေ့ကိုလှမ်းကြည့်ပြီးပြောလာ၏။
"ကလေးတွေကကျန်ချန်လိုပြသာနာကောင်ကို သဘောကျတယ်နော်။ မင်းညီမက ငါ့ကိုအခုထိ မျက်လုံးနဲ့တောင် သေချာကြည့်တာ
မဟုတ်ဘူး။"

ကုဖေး ဂိမ်းဆော့နေရင်းဖြေလိုက်တယ်။
"အရွယ်ရောက်ရင်၊ ဘာပဲလုပ်လုပ်,မင်းရဲ့မျက်နှာကအရေးကြီးလာလိမ့်မယ်။အထူး
သဖြင့်,ကလေးတွေနဲ့ကစားတဲ့ချိန် အရမ်းအရေးကြီးတယ်။"

"တကယ်?။"
ဝမ်ရွှိကခြေနင်းပေါ်မတ်တပ်ရပ်ပြီး လမ်းတစ်
ဖက်ရှိစတိုးဆိုင်၏မှန်ထဲမှ သူ့ပုံရိပ်သူ ပြန်ကြည့်လိုက်သည်။
"ငါ့ကိုယ်ငါ ကျန်ချန်ထက်ပိုရုပ်ဆိုးတယ်လို့
မထင်ဘူး။ကြည့်ရတာ,ငါကဖော်ဖော်ရွေရွေ မနေတတ်လို့ပဲနေမှာ။"

"အင်း။"
တကယ်တော့, ဝမ်ရွှိကဖော်ရွေသောကြောင့်သူ့ကိုယ်သူဆရာကြီးစတိုင်လ်မိမိုက်ချင်ဟန်
ဆောင်ချိန်တိုင်း မအောင်မြင်ခြင်းဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now