ကိုးတန်းဆိုလို့...နှစ်ဆန်းနှစ်ရက်နေ့ကျရင် အောင်စာရင်းထွက်တော့မှာ။ အောင်စာရင်းအတွက် ရင်မခုန်ပေမယ့် သွားကြည့်တဲ့အခါကျရင် တစ်ယောက်ယောက်နဲ့တွေ့မလားဆိုပြီး တွေးမိတော့ ရင်ခုန်မိသား...။

အမှန်အတိုင်းပြောရရင် ကျောင်းတက်ရမှာကို
စိတ်မပါပေမယ့် ငွေရှိုင်းနဲ့တွေ့ချင်လို့ ကျောင်းလည်း မြန်မြန်တက်ချင်နေပြီလေ။
.
.
.
.
.
.
နှစ်ဆန်းနှစ်ရက်နေ့ရောက်တော့ စောစောထပြီး ရေမိုးချိုးပြင်ဆင်ပြီးဖြစ်နေတဲ့ ကျွန်တော့ကို ကြီးကြီးစန်းက "ကောင်မလေးနဲ့...သွားချိန်းတွေ့မလို့လား..."
ဟုပြောလာသဖြင့် ထရယ်မိသည်။

ကောင်လေးပါ...ကြီးစန်းရာ..ဟု အသံတိတ်ပြန်ဖြေဖြစ်ရင်း
လာ၊မလာ မသေချာသော သူတစ်ယောက်နှင့် သွားတွေ့မည့် ကျွန်တော့ကိုယ်ကျွန်တော်လည်း နားမလည်နိုင်ဖြစ်ရသည်။ ကျောင်းရောက်တော့ အောင်စာရင်းကပ်ထားသော
notice boardအနားပင် တစ်ချက်လေးမှမကပ်ဖြစ်ဘဲ တိုးဝှေ့ကြည့်နေကြသော ကျောင်းသားများကိုသာ ခပ်လှမ်းလှမ်းမှ ငေးကြည့်နေမိသည်။

တွေ့ချင်သူမှာ ပေါ်မလာသေးသော်လည်း မတွေ့ချင်သော အမြွှာနှစ်ယောက်ကိုတော့ လှေကားမှ တက်လာသည်ကို မြင်လိုက်ရသည်။ ကျောင်းဝတ်စုံနှင့် မဟုတ်ဘဲ အပြင်ဝတ်နှင့် တွေ့ရသောကြောင့် တီရှပ်နှင့် ဘောင်းဘီပွပွတို့ ဝတ်လာသော ချာလီ၊ဂေါ်လီတို့ ညီအစ်ကိုမှာ ရပ်ကွက်ထဲက ကလေးများနှင့် နင်လား၊ငါလား ဖြစ်နေသည်။

သူတို့ကတော့ ကျွန်တော့ကို မမြင်ကြသေးပေ။ ရောက်လာလာချင်း notice board ဆီ အပြေးသွားပြီး ကျောင်းသားများကို တွန်းတိုက်၍ အရှေ့ဆုံးထိ ရောက်အောင်သွားလေသည်။ သူတို့နာမည်ကို ရှာလည်းတွေ့ရော တစ်ယောက်နာမည်၊တစ်ယောက်ခေါ်ကာ အောင်ပြီကွဟု အကျယ်ကြီးအော်လေသည်။

ကျွန်တော်လည်း တခြားသူများနည်းတူ သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်နေမိသည်။ ကျွန်တော်နှင့် သူတို့အမြွှာနှစ်ယောက်ဆိုသည်မှာ မျက်နှာချင်းဆိုင်တိုင်း ရန်ဖြစ်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင်တော့ ရှောင်ကွင်း မသွားနိုင်ကြသူ များလည်းဖြစ်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now