"မင်း ဘာပြောချင်တာလဲ?။"
ကျန်ချန်က သူ့ကို စိတ်ရှုပ်ထွေးနေဟန်ဖြင့်
ကြည့်လာ၏။
"ကြက်သားစွတ်ပြုတ်ပြုတ်ပြီးမှ၊ ငါ့ကို စွတ်ပြုတ်လား,အသားကင်လား ရွေးခိုင်းတယ်။"ကုဖေး သက်ပြင်းချလိုက်တယ်။
"မဟုတ်ဘူး.... ,ကြက်သားကိုရေအေးထဲမှာ ထားရင် အသားကပိုထူပြီး အရသာမရှိဘူး။ ကြက်သားကိုရေပွက်ပွက်ဆူနေတဲ့အိုးထဲမှာ ထည့်ထားမှ အရသာပိုရှိတာ။""အိုး။"
ကျန်ချန် တအံ့တသြနှင့် ဆက်မေး၏။
"ဘာလို့လဲ?။"ကျန်ချန်၏တုံ့ပြန်မှုက စာအုပ်မှလွဲပြီးဘာမှ မသိသည့် ရွှယ်ပါ့နှင့်တူလာသည်ဟု ကုဖေး
စဉ်းစားမိလာ၏။ကျန်ချန်ကို အားလုံးလိုက်ရှင်းပြပေးတာမျိုး သူ မလုပ်ချင်ဘူး။
"မင်း စားချင်တဲ့ဟာပြောလိုက်။""စွတ်ပြုတ်။"
ကျန်ချန်က သူ့ကိုပြန်ဖြေပြီးဖုန်းထုတ်နေ၏။"အင်း။"
စွတ်ပြုတ်အိုးထဲမှကြက်သားကိုပြန်ဆယ်ယူပြီး ကုဖေး အဖုံးပြန်ပိတ်လိုက်တယ်။
"ကြက်သားလည်းကျက်ပြီဆိုတော့ အရင်ကင်လိုက်မယ်။""အိုကေ။"
ကျန်ချန်က ဖုန်းကြည့်နေရာမှ မတ်တပ်ရပ်
လာသည်။
"ငါ ဘာကူပေးရမလဲ?။""ထိုင်ပြီးစားရုံပဲ။"
လီယန်နှင့်သူတို့တစ်ဖွဲ့လုံးက အသားကင်စား
ရတာကြိုက်တာကြောင့် လိုအပ်သည့် ပစ္စည်း မှန်သမျှ အခန်းထဲမှာအကုန်ရှိသည်။ ကုဖေးအသားကင်စင်ကို တပ်ဆင်ပြီး မီးဖိုမှမီးသွေးတွေကို အသားကင်စင်ပေါ်မှာ တင်လိုက်၏။ ဒီနေ့ဝယ်လာသည့်အသားကရယ်ဒီမိတ်တွေ
ဖြစ်၍ အသားပေါ်အမွှေးအကြိုင်သုတ်လိမ်းပြီး ကင်လိုက်ရုံသာဖြစ်သည်။"ကြက်သားကို ရေအေးထဲမှာစိမ်ထားရင် အသားကရေစိမ့်ဝင်ပြီး ပိုထူပြီး အရသာ ပေါ့သွားတယ်။"
ကျန်ချန်က မီးဖိုဘေးမှာထိုင်လိုက်သည်။
"ပွက်ပွက်ဆူနေတဲ့ရေထဲမှာထည့်ထားရင် အသားကျက်တဲ့အပြင် အရသာကိုတစ်ခါ
တည်းသိမ်းထားတာကြောင့် အရသာပိုရှိ
လာတာ ဟုတ်တယ်မလား?။""ဟုတ်တယ်"
ကုဖေး သူ့ကိုလှည့်ကြည့်လိုက်တယ်။
"မှတ်စုထဲမှာ မှတ်ချင်သေးလား။"
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^
Part 25(zawgyi)
Start from the beginning