ကုဖေး သူ့ကို လုံးဝ နားမလည်နိုင်ဘူး။
"ဒါဆို, ငါ့နားလာပြီး ကူညီပေး။"

"ငါ့အထင် အဲ့ဒါကအသုံးဝင်တယ်။ဒါဆို, ငါ ဒါကြီးကိုလွင့်ပစ်လိုက်ပြီနော်။"
ကျန်ချန်က ပြောပြောဆိုဆိုနှင့် အဝတ်စကို အုတ်မီးဖိုထဲသို့လွှင့်ပစ်လိုက်၏။

အသားနှင့်ငါးများကို ပန်းကန်ပေါ်မှာတင်ရင်း
ကုဖေး သူ့ကိုပြောလိုက်တယ်။
"မင်း မီးခြစ်ယူသွားရင် ဆယ်လှမ်းလျှောက်သွားရင်တောင် ဘာမြေကြွက်မှမထွက်ဘူး။"

"အဓိပ္ပာယ်မရှိတာ။ငါ မသွားနိုင်ဘူး။"
ကျန်ချန်က မီးဖိုဘေးမှာ ဆောင့်ကြောင့်
ထိုင်ချလိုက်သည်။
"ငါအရင်ကလည်းဒီလိုမျိုးဖြစ်ဖူးတယ်။
လီပေါင်ကော်တို့အိမ်က အိုးထဲမှာလည်း
ပိုးဟပ်တွေရှိတယ်။"

"သူက အမြဲတမ်းချက်မစားဘူးလေ။ သူ့ဟာသူတောင် လောင်းကစားဝိုင်းနဲ့အလုပ်ရှုပ်နေတာ။"

"ငါပြောချင်တာက,ငါတို့ တခြားအိမ်နေရာ အကြောင်းစကားပြောဖြစ်ရင် သူ ဒီအိမ်ကို ရောင်းလောက်တယ်။"

"အိမ်က ရောင်းလို့မရဘူး။"
ကုဖေး စွတ်ပြုတ်အိုးကို ရေချိုးခန်းမှ  ဘုံပိုင်အောက်မှာသေချာဆေးကြောပြီး၊အိုးအပြည့် ရေဖြည့်လိုက်တယ်။
"တိုက်ခန်းကအလုပ်သမားတွေကို စက်ရုံကပေးထားတာ။ သူတို့ အရမ်းဆင်းရဲတော့ သူတို့အပိုင်ပစ္စည်းဆိုလို့ သူတို့ကိုယ်သူတို့ပဲပိုင်တယ်။"

"အိုး!"
ကျန်ချန်က မီးဖိုထဲသို့ကျောက်မီးသွေးနှစ်တုံး ထပ်ဖြည့်လိုက်၏။ထို့နောက်မီးဖိုဖြည်းဖြည်းချင်းမီးတောက်နေတာကိုငေးကြည့်နေသည်။

မီးဖို အဆင်သင့်ဖြစ်သည်အခါ ရေဖြည့်ထားသောစွတ်ပြုတ်အိုးကို ကုဖေး မီးဖိုပေါ်မှာတင်လိုက်တယ်။ဂျင်းနှစ်တက်ကို ထုပြီး အိုးထဲသို့ ပစ်ထည့်ပြီးနောက် ၊ဟင်းခတ်အမွှေးအကြိုင်နယ်ထားသည့် ကြက်သားကိုထည့်လိုက်၏။

ကျန်ချန်က မေးလာသည်။
"မင်း စွတ်ပြုတ်လုပ်နေတာလား။"

"အင်း။"
ကုဖေး စွတ်ပြုတ်အိုးအဖုံးကို ဖုံးလိုက်တယ်။
"စွတ်ပြုတ်စားရတာကြိုက်လား?။အသား
ကင်စားရတာကြိုက်လား?။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Nơi câu chuyện tồn tại. Hãy khám phá bây giờ