"ငါနင့်ကိုချစ်တယ် Jennie!"

Club partyဖြစ်တဲ့အတွက်
တီးလုံးသံ​တွေဆူညံ​နေ​ပေမယ့်လည်း
Irene​ပြောတဲ့စကား​တွေက လုံးဝကိုပြတ်သားပြီး
သီချင်းရဲ့စီးချက်နဲ့အတူ ရင်ကိုအဆမတန်ခုန်​စေတယ်

"နင် အခုမှဘာလို့လဲ?"

"ငါ နင့်ကို unnie Lisa လက်ထဲထည့်​ပေးပြီးမှ
နင့်ကို ဘယ်​လောက်ထိ ငါချစ်​နေမိမှန်းသိရတာ"

ငိုပြီး​ပြော​နေတဲ့ Ireneကိုမြင်ရတာ
Jennie ရင်ကို အဆမတန်နာကျင်လွန်းတယ်

အချစ်ဦးမှတ်လား

ရူး​​အောင်ချစ်ခဲ့ရသလို
မေ့လို့လည်းမရနိုင်ခဲ့ဘူး​လေ
အထူးသဖြင့် အနားမှာရှိ​နေ​သေးတဲ့
သူငယ်ချင်း အဖြစ်နဲ့​​ပေါ့

"ငါ ဘယ်လိုလုပ်ရမလဲ Irene?
အခုအ​ခြေမှာငါက..

"နင်ငါ့ကိုချစ်တယ်မှတ်လား?
အဲ့တစ်ခုနဲ့တင် လုံ​လောက်​နေပြီ Jennie!
Unnieကို ချက်ချင်းဖြတ်ပစ်​ပေးဖို့
ငါ နင့်ကို​မ​တောင်းဆိုပါဘူး"

"နင့်ကို နာကျင်​စေရမှာ ငါမလိုလားဘူး​လေ"

"ရပါတယ် Jennieရယ်
ငါတို့ ​အေး​ဆေးအချိန်ယူကြတာ​ပေါ့"

"အင်း"

သောက်ထားတဲ့အရှိန်​​ကြောင့်လားမသိ​ပေမယ့်
မျက်လုံးထဲမြင်​နေရတဲ့ Ireneရဲ့နှုတ်ခမ်းလေးက
Jennie ကိုသိပ်ဆွဲ​ဆောင်လွန်းတယ်

အလိုက်သိတဲ့နှုတ်ခမ်းတစ်စုံ​​ကြောင့်
လှပတဲ့အနမ်း​တွေကို Jennieပုံ​​ဖော်ခွင့်ရခဲ့တယ်






"အသစ်နဲ့ပါလား ?"

အနား​ရောက်လာတဲ့မိန်းက​လေး​ကြောင့်
Jennie တို့နမ်း​နေတာကို အဆုံးသတ်လိုက်တယ်

မေးလာတဲ့သူကိုကြည့်လိုက်​တော့
လွန်ခဲ့တဲ့ လ ကမှ Ireneနဲ့ပျက်သွားတဲ့​ကောင်မ​လေး

"Honny!
နင် ဒီကိုဘာလာလုပ်တာလဲ?
ငါတို့ ဇာတ်လမ်းက ပြီးသွားပြီ​​လေ"

"နင်က အသသ်​တွေ့သွား​တော့
ငါ့ကို လုံးဝမလို​တော့ဘူး​ပေါ့ Irene?"







Irene နဲ့ အဲ့​ကောင်မ​လေးရဲ့
ပြော​နေတဲ့စကား​တွေကြား Jennieငြိမ်​နေလိုက်တယ်

So far away(Completed)Where stories live. Discover now