ဘယ်​လောက်​​သောက်ထားမှန်းမသိ
မူးပြီး​တော့ ဆိုဖာ​ပေါ်မှာအ်ပ်​ပျော်သွားတဲ့
Babyကို ဘားမှ ​မေးလို့ရမှာမဟုတ်လို့
အတူပါလာတဲ့ Irene ကို​မေး​လိုက်တယ်

"ဘာဖြစ်လာကြတာလဲ?"

"Unnie!
တကယ်​တော့​လေ Ireneတို့ထွက်​ပြေးလာတာ"

"ဘယ်ကလဲ?
ဘာဖြစ်ခဲ့ကြလို့လဲ?
ဘယ်သူ​တွေလိုက်လာလို့လဲ?"

"ဟို...

"Irene shi!"

နဂိုတည်းက baby နဲ့ပတ်သတ်ရင်
Lisa က လုံးဝ အထိအခိုက်မခံသူမို့
အခု Irene စကား လိုရင်းမ​ရောက်တာကို
ဒေါသတကြီးနဲ့ ​အော်မိတယ်

"​တောင်းပန်ပါတယ် unnie!

Jennie က club အပြင်မှာ
သူရဲ့ ရီးစား​ဟောင်းနဲ့​တွေ့​တော့
ဒီတိုင်း မိတ်​ဆွေလိုပဲ စကား​​ပြောကြတာပါ
အဲ့ဒါကို...

"အဲ့​တော့?"

"အဲ့တစ်​ယောက်ရဲ့ရီးစားက ရောက်လာပြီး
Jennie ကိုရန်လည်းစတယ် ပြသနာလည်းရှာတာနဲ့
သူ့ကို ​အရက်ပုလင်းနဲ့​ခေါင်းရိုက်ခဲ့ပြီးထွက်​ပြေးလာကြတာ"

"Babyက လား?"

"ဟုတ် unnie!"

အ​ကြောင်းစုံသိလိုက်ပြီးတဲ့​​နောက်မှာ​တော့
Lisa သက်ပြင်း အကြီး ကြီးကို ချမိတာပါ


















"Lisa!"

ဘာလုပ်ရမလဲ စဉ်းစား​နေတုန်း
Chae က အ​လောတကြီးနဲ့​ရောက်လာတယ်

"ဘာဖြစ်လာတာလဲ?"

"ရဲ​တွေ​ရောက်​နေတယ် lisa!
ဧကန္တ club မှာရန်ဖြစ်ခဲ့တယ်ဆိုတာ...

"ဒီက​လေး 2​ကောင်ပဲ chae!

ရဲ​တွေနဲ့ တရားလိုပါ ပါခဲ့ရင်
ဘေးက ရုံးခန်း​ဟောင်းထဲ ​ခေါ်ပြီး​တော့
ခဏ​လောက် ဧည့်ခံထားလိုက် chae!
ငါလိုက်လာခဲ့မယ်"

"ပြီး​ရော"

chae အခန်းထဲက ထွက်သွားတာနဲ့
ဘေးမှာ အိပ်​ပျော်​နေတဲ့ babyကိုတစ်လှည့်
ရှေ့မှာ ထိုင်​နေတဲ့ Ireneကိုတစ်လှည့်ကြည့်လိုက်တယ်

"နိုးလာခဲ့ရင် ဝန်ထမ်းတစ်​ယောက်​ယောက်ကို
သံပုရာရည်ဖြစ်ဖြစ် ဒီအထဲကို ယူလာ​ပေးဖို့မှာလိုက်​နော်

So far away(Completed)Dove le storie prendono vita. Scoprilo ora