9

1.1K 133 56
                                    

Unicode

2ရက်တာကျောင်းလေ့လာရေးကို ဘတ်ခ်ဟွန်းတို့အုပ်စုမျက်စိနောက်နောက်နဲ့ကျော်ဖြတ်နေရသည်။ အိပ်ချိန်ကလွဲ၍ ကျန်တဲ့အချိန်ဆို ဂဟေဆော်ထားသလို၊ ကော်နဲ့ကပ်ထားသလို အမြဲပူးကပ်နေသော ရည်းစားမထားဘူးမှန်းသိသာသည့် သောက်အတွဲကြောင့် တစ်အုပ်စုလုံးအမှန်ပင်မျက်စိနောက်နေသည်။

ခုလည်း အကိုတို့အပါအဝင်သူတို့တစ်အုပ်လုံး လူသတ်ချင်တဲ့အကြည့်နဲ့ဝိုင်းကြည့်နေတာတောင် အရှေ့မှာကိုကိုတွေကလေးတွေနှင့်လာပလူးနေကြသည်။
တွဲနေတာနှစ်တွေကြာနေသည့် အကိုဂျွန်မြောင်တို့အတွဲတောင် တစ်ခါမှဒီလိုပူးကပ်နေတာ သူတို့မမြင်ဖူးပေ။

ချန်ယောလ်ဆိုတဲ့ကောင်ကလည်း မတွဲခင်ကတော့အပူသည်လို အကုန်လုံးကိုအပူလိုက်ကပ်ပြီး အောင်သွယ်ခိုင်းတုန်းကဒီရုပ်မဟုတ်။ အခုတွဲတော့သူတို့တောင်မသိလိုက်ပေ။ အူတူတူပုံနဲ့ ဟိုတစ်ယောက်လည်းအတူတူပင်။ သူတို့ဝိုင်းလှော်‌တုန်းကတော့ မဖြစ်သင့်ဘူးချည်း ဘူးခံပြီး အခုတော့ရင်ခွင်ထဲမှာတဟ်ီးဟီးနှင့်။

ပိုအမြင်မကြည်စရာကောင်းသည်မှာ ဘတ်ခ်ဟွန်းတို့လည်း အခုသူတို့ကြည့်ဖူးတဲ့ဟာသကားကိုကြည့်ဖူးသော်လည်း အဲ့လောက်ထိမရီရပေ။

အခုတော့တစ်ယောက်ကအခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲကနေအရမ်းမရီရတဲ့ကားကို နှစ်‌ယောက်သားကလိထိုးနေသည့်အလား တဟားဟားနှင့်အူတက်မပြီးတော့။

ဒီကြားထဲပတ်ချန်ယောလ်ဆိုတဲ့ကောင်က ကောင်းကောင်းမရီ ဘေးနားကလူကို တဖြန်းဖြန်းရိုက်ပြီး အော်ရီနေသးသည်။

နောက်ဆုံးဘယ်လိုမှသည်းမခံနိုင်တော့တာကြောင့် ချန်းကချန်ယောလ်လက်ထဲကဖုန်းကိုဆွဲယူလိုက်သည်။

"အကုန်လုံးတူတူခရီးထွက်လာတာကို နားချိန်မှာမင်းတို့နှစ်ယောက်က အဲ့လိုကွဲထွက်နေတာလား။ လာအကုန်ဒီမှာ ဂိမ်းဆော့‌ကြမယ်။"

ပြောရင်း လူယုတ်မာအပြုံးနဲ့ မိမိအုပ်စုအားအသိပေးလိုက်တော့ မိမိအုပ်စုကလည်း အထာနပ်စာလူယုတ်မာအပြုံး ပြန်ပြုံးပြကြသည်။

About Dear Kyung And Me Where stories live. Discover now