3

2.1K 183 16
                                    

တစ်စုံတစ်ယောက်ကိုချစ်ရင်း ရှင်သန်ရတဲ့နေရက်တွေဟာ အဓိပ္ပာယ်ရှိတယ်။ အချစ်တွေကထပ်တူညီရင်တော့ နေ့ရက်တိုင်းဟာ လှပနေတော့တာပဲ။

သမီးရည်းစားဖြစ်သည့် ချစ်သူတို့သဘာဝအတိုင်း ညဘက်ဖုန်းပြောရင်း ချစ်ကြည်နူးတစ်တီတူးနေတာကြောင့် မနေ့ညကနှစ်ယောက်သားဖုန်းချပြီးအိပ်ချိန်က နောက်တစ်နေ့သို့ပင်ကူးချေပြီ။

"ချန်ယောလ် ထ ထတော့လေ။ ကျောင်းသွားရအုံးမှာဆို။"

လာနှိုးတဲ့မမကြီးကို ကျောပေးရင်းစောင်ကိုခေါင်းအထိဆွဲခြုံကာ လျစ်လျူရှုလိုက်သည်။ မသိဘူး အိပ်ရေးမဝတော့အိပ်ချင်သေးတယ်။

"အေး ချန်ယောလ်မထရင် မေမေလာနှိုးလိမ့်မယ်နော်။"

"ဟာ ထပြီ ထပြီလို့"

မေမေလာနှိုးရင် လူချည်းသာမလာ တုတ်ပါပါလာလိမ့်မည်။
မေမေ့ကိုတော့ ချန်ယောလ်အရမ်းချစ်သလို အရမ်းလည်းကြောက်ရသည်။ မေမေကငယ်ငယ်တည်းက စည်းကမ်းကြီးသလို သားသမီးအကြိုက်ဆောင်ပြီး အရမ်းအလိုလိုက်တဲ့မိဘတွေထဲမပါပေ။

မေမေအလိုလိုက်တာ ဂျောင်ဆူးတစ်ယောက်ပဲရှိသည်။ တွေးကြည့်မှ ဂျောင်ဆူးကိုသူတင်မက သူ့တစ်မိသားစုလုံးကပါ သဲသဲလှုပ်ကြသည်။ ယောက္ခမကသားမက်ကိုချစ်တာ ကောင်းတယ်ကိစ္စပဲမဟုတ်လား။

သွားတိုက်ရင်း ညကဂျောင်ဆူးနဲ့ဖုန်းပြောတဲ့အကြောင်း တွေးမိတော့ လူကအလိုလိုအူမြူးကာ တဟိဟိနဲ့ပါးစပ်မစိတော့။

အချစ်ရေးအဆင်ပြေတော့ အရာရာကလှပနေသည်။ လူကအလိုလိုတက်ကြွလန်းဆန်း ဖလန်းဖလန်းဖြစ်နေပြီး ရည်းစားမရှိတဲ့သူတိုင်းကို လှောင်ချင်နေတော့သည်။

ရေချိုးကျောင်းသွားဖို့ပြင်ဆင်ပြီး အောက်ဆင်းလာတော့ ဧည့်ခန်းထဲပတ်ပြေးနေတဲ့ တိုဘမ့်ဖင်ကို တစ်ချက်ပိတ်ကန်လိုက်သည်။

သောက်FAကောင် ဂဏကိုမငြိမ်ဘူး။ ဖင်နာသွားတဲ့ တိုဘမ်ကသူ့ကိုလှမ်းဟောင်တော့ ချန်ယောလ်မတူမတန်သလို ကြည့်လိုက်သည်။

အခုချိန်မှာ မင်းငါ့ကိုဟောင်ဖို့ မင်းနဲ့ငါအဆင့်အတန်းမတူတော့ဘူး သွားစမ်းရည်းစားမရှိတဲ့ကောင်။

About Dear Kyung And Me Kde žijí příběhy. Začni objevovat