Meant to be [Z×U]

501 90 4
                                    

🌼TWENTY SIX🌼

"အပြင်မှာတွေ့လိုက်ရတော့ ထင်ထားတာနဲ့ ကွာနေတာပဲ ... "

တီလေးက JongIn ကို တွေ့တွေ့ချင်းပဲ တည်ငြိမ်စွာပြောလိုက်တော့ JongIn မှာ ဘာလုပ်ရမှန်းမသိ။

"ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပါ .. တွေ့ရတာ ဝမ်းသာပါတယ် "

JongIn က အရိုအသေပြုကာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို လှမ်းလိုက်သည်။ တီလေးကလဲ JongIn နှုတ်ဆက်တာကို လက်ခံသည့်အတွက် လက်ဆွဲနှုတ်ဆက်လိုက်၏။

"ပထမဆုံးအကြိမ်တွေ့တာဆိုပေမယ့် ... ဝမ်းသာတာတော့ မဟုတ်သေးဘူး "

တီလေးကတော့ ခပ်ပြုံးပြုံးပြောပြီး JongIn ကို အနေခက်အောင်လုပ်နေတော့ KyungSoo မှာ မနေနိုင်တော့ပဲ စကားဖြတ်ပြောလိုက်၏။

"ပြောစရာရှိတာတွေ နောက်မှပြောကြမယ်လေ
အရင်ဆုံး အိမ်ကိုသွားရအောင် ... နားချင်နေပြီ "
တီလေးကတော့ သူဘာလုပ်တယ်ဆိုတာ သိတာကြောင့် ခပ်ပြုံးပြုံးလေးကြည့်လေရဲ့။

"မင်း လူဆိုးပဲ ... ငါ့တူလေးကို ခံစားရအောင် လုပ်ခဲ့တယ် "

JongIn မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောချလိုက်တဲ့ တီလေးကြောင့် KyungSoo မှာ ဘာလုပ်ရမှန်းမသိတော့။

JongIn ကို ကြည့်တော့လဲ ခေါင်းကိုသာငုံ့ထားသည်မို့ KyungSoo မှာ အားနာရပြန်သည်။

"သွားရအောင်ပါဆို ..."

တီလေးရဲ့ လက်မောင်းကိုချိတ်ကာ အတင်းဆွဲခေါ်လာပြီးတော့ အနောက်မှာရှိတဲ့ JongIn ကို လှည့်ကြည့် လှည့်ကြည့်နဲ့ လုပ်နေမိသည်။

JongIn ကတော့ သူ့ကိုပြုံးပြနေပေမယ့် KyungSoo မှာတော့ JongIn ကို အားနာရသည်။ တီလေးရဲ့ အကျင့်ကို သိနေတာကြောင့် သူ့မှာ အပူခဲကြီးကို တက်ထိုင်ထားရသလို ရင်လေးလှပါ၏။

တီလေးရဲ့ အိမ်ဝင်းထဲမှာ စိုက်ထားတဲ့ ပန်းပင်လေးတွေကို မြင်တော့ KyungSoo ရဲ့ မျက်ဝန်းအရောင်လေးတွေ လက်လာသည်။
JongIn က အဲ့တာကိုလဲမြင်ရော KyungSoo လက်လေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်၏။

JongIn နဲ့ KyungSoo တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သဘောတကျနဲ့ ပြုံးနေတာကို တီလေးက မှန်ထဲကနေ ပြုံးပြုံးလေးကြည့်နေလေ၏။ ဒါကိုတော့ သူတို့နှစ်ယောက်လုံး မသိခဲ့။

The Years I Love You The Most [Z×U]Waar verhalen tot leven komen. Ontdek het nu