I am [Z×U]

892 123 6
                                    

🌼EIGHT🌼

"ကြိုဆိုပါတယ် "

ဆိုင်ဖွင့်တာ နာရီဝက်လောက်ပဲရှိသေးပေမယ့် ခ်ျိတ်ဆွဲထားတဲ့  ခြူလုံးလေးရဲ့ အသံကြောင့် ဝယ်သူလာပြီဆိုတာကို သိလိုက်သည်။

လုပ်လက်စတွေကိုပစ်ထားပြီးတော့ reception ကိုအပြေးလာကာ နှုတ်ဆက်စကားဆိုလိုက်တယ်။

"မတွေ့ရတာကြာပြီနော် KyungSoo "

ရင်းနှီးနေတဲ့အသံကြောင့်ပဲ KyungSoo ခင်မျာ အထိတ်ထိတ်အလန့်လန့်နဲ့ ထိုလူကိုကြည့်လိုက်သည်။

"မင်း ... "

"အင်း .. ငါလေ Jaemin "

Jaemin ဆိုတာ *Wallflower* ဆိုပြီး သူ့ကိုအမြဲစနေတဲ့ အဖွဲ့ထဲကခေါင်းဆောင်

လွန်ခဲ့တဲ့ ၄ နှစ် KyungSoo ကျောင်းကထွက်လာပြီးကထဲက သူတို့နဲ့ဝေးရာကိုခြေရာဖျောက်ခဲ့တာ

နေသားကျသွားခါနီးမှ  မျက်စိရှေ့မှအကုန်လုံး
ပေါ်လာမို့လို့ KyungSoo အတွက် အရမ်းစိတ်ပင်ပန်းရတယ်၊

တစ်ချက်ယိုင်သွားပေမယ့် ဟန်မပျက်အောင်လို့ ခုံကိုအားယူကိုင်ထားပြီး မျက်နှာကိုတည်လိုက်သည်။

"ဘာကိစ္စလဲ"

"ပန်း ... ပန်းလာဝယ်တာ "

"မင်းက .. ပန်းလာဝယ်တာပေါ့ .. "

မျက်နှာတည်နဲ့ မေးနေတဲ့ KyungSoo ရဲ့မေးခွန်းမှန်သမျှကို သူက ပြုံးပြုံးလေးနဲ့ပဲဖြေနေတာမို့လို့  ကြာလာတော့ KyungSoo မှာ ထူးဆန်းရပြန်တယ် ...

မသိရင် ကျောင်းတုန်းက အနိုင်ကျင့်ခဲ့တဲ့သူက သူ မဟုတ်ခဲ့သလိုလို

"မင်း ငါ့ကို စိတ်တိုပြီး ဒေါသထွက်နေမယ်ဆိုတာ ငါသိပါတယ် ... ဒါပေမယ့် ငါလဲမတတ်နိုင်ခဲ့လို့ပါ "

"ငါ အရင်ကအကြောင်းတွေမပြောချင်ဘူး ..
ဒီတိုင်း မင်းကပန်းဝယ်တဲ့သူ ငါက ဆိုင်ရှင် ဒီလိုပဲ မသိတဲ့သူတွေလိုနေရအောင် ... "

"အချိန်တန်တဲ့အခါ သိရမှာပါ ... "

"ဘာကိုပြောချင်တာလဲ Jaemin"

"မဟုတ်ပါဘူး ... ဘာမှမဟုတ်ဘူး
ဒါနဲ့ အခုတလော မင်းသဘောကျနေတဲ့ ပန်းရှိလား "

The Years I Love You The Most [Z×U]Where stories live. Discover now