Now[Z×U]

1.3K 145 11
                                    

🌼TWO🌼

"အရင်ကအကြောင်းတွေ ပြန်တွေးမိလို့လား"

ချောင်ထဲကနေထွက်လာတဲ့ စက္ကူပုံးကိုကိုင်ပြီး ငိုင်နေတုန်း အမေက ကျောလေးကိုပုတ်ပြီး လာမေးတာကြောင့် ပုံးကိုလက်ကချပြီး အမေ့ဘက်ကိုခန္ဓာကိုယ်စောင်းကာထိုင်လိုက်တယ်။

"အဲ့လိုလဲမဟုတ်ပါဘူး ..ဒီတိုင်း သတိရလာလို့"

အမေ့မျက်နှာကိုကြည့်ပြီး ငြင်းလိုက်ပေမယ့် အရိပ်အကဲသိတဲ့အမေက ခေါင်းလေးကိုဖွဖွလေးပုတ်ပေးတယ်။

"အချစ်ဦးဆိုတာ ကိုယ့်ရဲ့အချစ်ကို ပထမဆုံးရတဲ့သူမို့လို့ မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့သားရဲ့"

"ငါ့သားက တစ်ခုခုကို စွဲစွဲလန်းလန်းဖြစ်တတ်တဲ့သူမို့လို့ မေ့မရတာ မဆန်းပါဘူး ... ဒါပေမယ့် ဖြစ်သင့်တာကိုတော့ ဦးစားပေးရမယ်လေ
မဟုတ်ဘူးလား"

မေမေ့ရဲ့ စကားတွေကြားတော့ မျက်ရည်တွေကြားထဲကနေ ရင်ခွင်ထဲကိုတိုးဝင်မိသည်။
အမေကတော့ "အဆင်ပြေသွားမှာပါ သားရယ်" ဆိုပြီး ကျောကိုပုတ်ပေးကာ နှစ်သိမ့်ပေးတယ်။

"အဆင်မပြေခဲ့တာ ၄ နှစ်တောင်ရှိခဲ့ပြီ အမေရယ်" ဆိုတာကိုတော့ စိတ်ထဲကနေပဲ ရေရွတ်မိလိုက်တယ်။

~

"KyungSoo .. သားလေး မျက်နှာလဲမှိုင်လို့
နေမကောင်းဘူးလား"

တီလေးက KyungSoo ကို အရမ်းချစ်တာကြောင်မို့လို့ KyungSoo မျက်နှာတစ်ချက်ညှိုးလိုက်တာနဲ့ နေမရထိုင်မရဖြစ်နေတတ်သူပင်

"ဘာမှမဖြစ်ပါဘူး တီလေးရဲ့ ... "

KyungSoo က ရယ်ပြီးပြောလိုက်ပေမယ့် တီလေးကတော့ သူ့ကိုကြည့်ပြီး သက်ပြင်းတချချလပ်ြနေ၏။

္ဖ"မနက်ဖြန်ဆို ကျောင်းသားဟောင်းတွေ့ဆုံပွဲသွားရမှာမလား "

တီလေးရဲ့စကားကို KyungSoo ခေါင်းညိမ့်ပြလိုက်သည်။

"၄ နှစ်လုံးလုံး အချိန်ယူပြီး အနည်ကျအောင်လုပ်ထားတာကို တစ်ရက်ထဲကြောင့်နဲ့တော့ အပျက်မခံနဲ့နော် ... "

The Years I Love You The Most [Z×U]Where stories live. Discover now