ဘက်စကတ်ဘောကစားခြင်းသည် စိတ်လှုပ်စရာကောင်းသော်ငြား၊ကျန်ချန်မောဟိုက်နေ
၏။သူသည် ကွင်းထဲမှာရှိသည့်ကစားသမား တွေ၏နေရာယူထားသည့်ပုံစံကိုလည်း စိတ်ထဲမှာမှတ်ရ၏။ကုဖေးစိတ်ထင်တိုင်းပစ်ပေးလာသောဘောလုံးကိုလည်း အာရုံစိုက်ရ၏။

ဘောလုံးကို ငါးကြိမ်,ခြောက်ကြိမ် လှမ်းဖမ်းပြီးနောက်တွင် ကျန်ချန်မနေနိုင်ဘဲပြောလိုက်တော့တယ်။
"မင်း ဘောလုံးပေးတော့မယ်ဆိုရင် ငါဘယ်နေရာမှာရှိလဲဆိုတာအရင်ကြည့်လို့ရမလား။"

ကုဖေးက ပြန်ဖြေလာ၏။
"ငါ ကြည့်ပါတယ်။"

"ငါ ဆယ်လှမ်းအကွာမှာ ရှိသေးတယ်။ မင်းက သောက်ဘောလုံးကိုငါ့ဆီ ပစ်ပေးနေပြီ။'

"မင်း ဖမ်းမိတာပဲမဟုတ်ဘူးလား?။ "
ကုဖေးက ပြန်၍ထေ့ငေါ့လာသည်။
"ငါ့ဆီ ဘောလုံး ပြန်ပေးဖို့ မမေ့နဲ့။"

ကျန်ချန် ပြောစရာစကားမဲ့သွား၏။
"ဘယ်မှာမေ့လို့လဲ။"

"ငါ့ဆီကိုပြန်ပစ်ပေးဖို့...."

"ငါ့ဖင်ကြီးပဲ ပစ်။"
ကျန်ချန် သူ့ကိုတစ်ခွန်းမကျန်ပြန်ပက်လိုက်သည်။
"တကယ်လို့ အမှတ်မရခဲ့ရင် မင်းကြောင့်လို့ယူဆရမှာလား။"

ကုဖေးက သူ့ကို ပြုံးပြလာသည်။
"ချန်ကော,အရင်ကျောင်းတုန်းက ဘက်စကတ်ဘောအသင်းခေါင်းဆောင်ဖြစ်ခဲ့ တယ်,မဟုတ်လား။"

"ဘာလုပ်မလို့လဲ။ငါ အခု ဘောလုံးပစ်ပေးရင် ဘေးလူကိုကြည့်ဖို့ ပြောနေတာ။"

" နားလည်ပါပြီ။"

ကုဖေးသည်"နားလည်ပါပြီ'လို့ပြောခဲ့သည့် အတိုင်း နည်းနည်းပြောင်းလဲသွား၏။သူက ကျန်ချန်ရှိတဲ့နေရာကို မျက်လုံး ထောင့်စွန်းနားမှကြည့်လာသည်။ သူ့နည်းသူ့ဟန်အရ ဟုတ်နေသော်လည်း
'မင်းပြောတဲ့အတိုင်း ငါ မင်းကို အရင်ကြည့်တယ်။ဒါပေမဲ့ ဘောလုံးပစ်စရာရှိတာပစ်မှာ' ဆိုသည့် သဘောမျိုး လုပ်လာသည်။

ကျန်ချန် သူ့ကို ထပ်ရှင်းပြချင်စိတ်မရှိတော့။
'ပူရှစ်ဟောင်နျောင်'နှင့်ကုဖေး၏အမူအကျင့်များသည်  လမ်းဘေးရှိ ကစားသမားများ၏ အမူအကျင့်နှင့်တူသည်။ သူတို့မှာ စည်းမျဉ်းစည်းကမ်းမရှိ၊ကစားဖော်အချင်းချင်း'ပါးစပ်မှထုတ်ပြောစရာမလိုဘဲ ဘာလုပ်ရမလဲ။'ကို
သဘောပေါက်နေရမည် ဆိုပြီး ယုံကြည်ထား
သည်။သူတို့၏ဘောလုံးကစားသောပုံစံသည် ပန်းခြံထဲတွင်ခွေးများလွတ်ပေးထားသကဲ့သို့စည်းလွတ်ဝါးလွတ်ဖြစ်၏။အရံကစားသမားနှစ်ယောက်ကလည်းဆယ်မိနစ်အတွင်းကိုပင် အမှားလေးခါ လုပ်ပြီးပြီဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now