သနားစရာကောင်းသည့် အသင်းဖော်တွေကို သူကြည့်မိသည်။သူလူချင်းလဲပြီးအနားယူ၍
အဆင်မပြေနိုင်။အကယ်၍ကျန်ချန်အနားယူလျှင်ကုဖေးတစ်ယောက်တည်းကိုအားကိုးနေ
ရလိမ့်မည်။သူတို့က ယခုမှ လေ့ကျင့်နေတုန်းဖြစ်၍ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ပြီးလုပ်
နိုင်မှာမဟုတ်ဘူး။ ပြီးကျ ,သူဒဏ်ရာရနေတဲ့ အကြောင်းကို ဝမ်ရွှိ မသိစေချင်။ 'ဟို့ဇီနဲ့ ရန်
ဖြစ်ခဲ့တာလား..?' ဆိုသော ဝမ်ရွှိ၏ လွန်လွန်
ကဲကဲ စိတ်သောကရောက် နေမည့် မြင်ကွင်းကို သူ တကယ်ထပ်မကြည့်နိုင်ဘူး။

ကုဖေးက သူ့ရှေ့တွင်ရပ်ပြီး အသံနိမ့်၍ မေးလာ၏။
"လူချင်းချိန်းပြီး နားချင်လား။"

"မလိုဘူး။"
ကျန်ချန် မတ်တတ်ထရပ်လိုက်တယ်။
"ကစားပွဲက မကြာခင် ပြီးတော့မှာ။"

"အိုကေ။"
ကုဖေးက သူ့ကို သေချာကြည့်ပြီး တခြားအသင်းဖော်တွေကိုလှမ်းခေါ်လိုက်သည်။
"ပထမပိုင်းပြီးပြီဆိုတော့ ဘာဆက်ဖြစ်မယ် ဆိုတာ လူတိုင်းသိတယ်မလား။ ဒုတိယပိုင်း ကျ ငါဘေးစည်းနေရာယူမယ်။နောက်တန်း
ခံစစ်ပိုင်းကစားသမားတွေကဘောလုံးမဝင်
လာအောင် သေချာစောင့်။ ဘောလုံးနောက်ပြေးလိုက်စရာမလိုဘူး။ဘောလုံးရရင် ကျန်ချန်ဆီပေးလိုက်။ ငါက အမှတ်ရနိုင်အောင် ကြိုးစားပေးမယ်။"

"အိုကေ,ကုဖေး ပြောတဲ့အတိုင်းလုပ်ကြ။"
ဝမ်ရွှိကအသင်းခေါင်းဆောင်ဖြစ်သော်လည်း အမိန့်ပေးတာမျိုးမရှိဘဲ စကားအဆုံးကျမှဝင်ပြောလေ့ရှိသည်။ပထမပိုင်း ပွဲကစားချိန်တွင်ဝမ်ရွှိနှင့်တခြားကစားများ၏ အရည်အချင်းကြောင့် ကုဖေးသည်သူ့ကိုယ်သူထိန်းချုပ်ပြီး ကစားနေမှန်း ကျန်ချန် သိသည်။ ဒုတိယပိုင်း ပွဲကစားချိန် ရောက်သည့်အခါ ကုဖေး၏ပုံစံအစောပိုင်းနှင့်မတူပဲအရမ်းသွက်လက်နေ၏။ကုဖေးနေရာအရွေ့အပြောင်းလုပ်သည့်အရှိန်နှုန်းကအရမ်းမြန်လွန်း၏။ပူရှစ်ဟောင်နျောင်'
ပင် သူ့ကို ထိန်းချုပ်ထား၍မရပေ။

ကုဖေး၏လမ်းကြောင်းနေရာယူထားပုံသည် ရိုးရှင်း၏။ ဘောလုံးရလျှင် ဘေးစည်းမျဉ်းမှဘက်စကတ်ဘောခြင်းဆီ ပြေးပြီး၊ ဘောလုံးကိုခုန်သွင်းမယ်။တစ်ယောက်ယောက်က သူ့လမ်းကြောင်းကိုပိတ်လျှင်ကုဖေးက ကျန်ချန်
ဒါမှမဟုတ် တခြား အသင်းဖော်ဆီ ဘောလုံး လှမ်းပစ်လိမ့်မယ်။သူ့လမ်းကြောင်းရှင်းလျှင်
ကျန်ချန်က သူ့ဆီဘောလုံးပြန်ပေးရမည်ဖြစ်
သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now