အဖေ့ရဲ့မျက်နှာမှာ အတော်လေးမကောင်းပါ။ ကျွန်တော့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေပုံရသည်။ ဦးမင်းခေါင်ဦးရှေ့တွင်မို့ အနေရခက်နေပုံလည်းပေါ်သည်။

ဟုတ်တာပဲ။ ကျွန်တော်က အဖေ့ရဲ့မျက်နှာကြောင့်သာ
Green leafမှာ ပိုက်ဆံပေးစရာမလိုဘဲ ကျောင်းတက် နေရတာလေ။ ကျောင်းပိုင်ရှင်ရဲ့သားနဲ့ ရန်ဖြစ်နေတာတော့ ဘယ်ကောင်းမလဲ။

ဒါပေမယ့် ဖြည့်တွေးပေးလွန်းရင် ကိုယ်ပဲအမြဲခံနေရမှာ။ အဲ့တာကြောင့် ကျွန်တော့ဆန္ဒကိုလည်း ပြောပြရမယ်။ မှိုင်းခေါင်ဝေဦးကို သူ့လုပ်ရပ်အတွက် ပြန်တောင်းပန်ပေးဖို့ပေါ့။
.
.
.
"ကျွန်တော့သားက အရင်ပြဿနာရှာခဲ့တာလား...ဆရာမကြီး"

ဦးမင်းခေါင်ဦးသည် ဆရာမကြီးကိုမေးနေခြင်း ဖြစ်သော်လည်း မှိုင်းခေါင်ဝေဦးထံတွင်သာ အကြည့်ရောက်နေသည်။ ဒေါသထွက်နေဟန်မပြ တည်ငြိမ်အေးဆေးပုံသာပြနေသော်လည်း ဦးမင်းခေါင်ဦး၏ရင်တွင်း၌ ဒေါသမီးများပေါက်ဖွားနေခြင်းကို မှိုင်းခေါင်သာလျှင်သိသည်။

"ဘယ်လိုစဖြစ်ကြတာလဲလို့မေးတာ နှစ်ယောက်စလုံး မဖြေဘူး...ဒါပေမယ့်တစ်ဖက်က ကလေးကတော့ တစ်ချက် အထိုးခံလိုက်ရတာကြည့်ရင်...မှိုင်းခေါင်ဝေဦးက
ကိုယ်ထိလက်ရောက် လုပ်ခဲ့တာတော့ အမှန်ပဲ...

မိဘချင်းက အသိတွေဆိုရင် ကလေးတွေနဲ့ပတ်သတ်ပြီး သင့်သလိုဆုံးဖြတ်ပေါ့ရှင်..ဆရာမကြီးကတော့ နောက်တစ်ခါ ရန်ထပ်မဖြစ်ကြဖို့ ခံဝန်ကတိ ရေးခိုင်းရလိမ့်မယ်..."

ဦးမင်းခေါင်ဦးက သဘောပေါက်ဟန်ပြသည့်အနေဖြင့် ခေါင်းညိတ်နေလေသည်။ ဦးထက်လင်းကတော့ ဘာမှဝင်မပြောပေ။ ဦးမင်းခေါင်ဦးပြောမည့်စကားကိုသာ နားစွင့်နေဟန်ရှိသည်။

ဦးမင်းခေါင်ဦးသည် အလင်းဝေထိုင်နေသည့်နေရာသို့ ရောက်လာပြီး အလင်းဝေ၏မျက်နှာပေါ်က ဒဏ်ရာကို သေချာကြည့်လေသည်။ အနည်းငယ်ညိုမည်းစွဲနေသော ဒဏ်ရာမှာ မှိုင်းခေါင်ဝေဦး၏ ဒေါသမထိန်းနိုင်သော အကျိုးဆက်မှန်း သိသာစေသည့်အတွက် ခံရသူကလေးငယ်၏ ဆန္ဒအတိုင်း လိုက်လျောပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now