"နင်သူ့ကိုအရမ်းအလိုလိုက်ရမှာ​​နော်
သူ့ပုံစံက ဂျစ်ကန်ကန်​လေး"

Lisa ငြိမ်ကျသွားတယ်
တစ်ခုခုကိုအ​လေးအနက်​တွေး​နေသလိုမျိုး...

"Ya lisa!
နင် အဲ့က​လေးမ​လေးကို တကယ်ချစ်​နေတာလား?
ငါက ဒီတိုင်း စလိုက်တာ"

"မသိ​တော့ဘူးဟာ

ဟိုမှာသူ့အခန်း...သွားရ​အောင်"

"အင်း"

Chae ​ပြောတာကို lisa စဥ်းစား​နေမိတယ်
ချစ်​နေတာလားဆိုတာကို​သေချာမသိ​​သေး​ပေမယ့်
Jennie နဲ့ ပတ်သတ်ရင် အရာရာကို​အ​လေးထားမိတယ်










Lisa တို့ Jennie အခန်းထဲ​ရောက်လာ​တော့
အိပ်​နေ​သေးတဲ့ jennie

"Lisa! နင့်က​လေး​လေး အိပ်​နေ​သေးတယ်
နင်​နေခဲ့လိုက်မလား?"

"နင်က ဘယ်သွားမလို့လဲ?"

"မနက်စာမစားရ​သေးဘူး
ဆေးရုံ​ရှေ့နားက cafe မှာ တစ်ခုခုသွားဝယ်မလို့"

"အဲ့ဒါဆို ငါ့အတွက်လည်းဝယ်​လာ​​ပေး
jennie အတွက်​ရောအဆင်​​ပြေတာတစ်ခုခုဝယ်လာခဲ့"

"အိုမို!
ငါတို့​ရေခဲတုံးကြီးကဘယ်ဆိုးလို့လဲ?"

"Yrrrr  park chaeyoung!"

"ဟဟ!
စတာပါ
ဒါ​ပေမယ့် နင့်ဖုန်း​လေး ခဏ​ပေး"

"ဘာလုပ်မလို့လဲ?"

​"​ပေးစရာရှိ​ပေးစမ်းပါ"

Lisa ဖုန်းကို chae ဆီ​ပေးလိုက်​​တော့
chae က သူ့ဖုန်းနဲ့ ယှဥ်ပြီးတစ်ခုခုလုပ်​နေတယ်
ဒါ​ပေမယ့် lisa က​တော့ jennie ကိုကြည့်​နေတာ​ကြောင့်
သတိမထားမိခဲ့ဘူး

"Lisa!
ငါ့ဖုန်းထားခဲ့မယ်
တစ်ခုခု လိုရင် နင့်ဖုန်းလှမ်းဆက်မယ်
ငါ့ဖုန်းက ​ဘေလ်ကုန်​နေလို့"

Lisa ​ခေါင်းပဲ ညိမ့်ပြလိုက်တယ်
ပြီးတာနဲ့ chae ကအခန်းထဲက​နေ ထွက်သွားခဲ့သည်

ကုတင်​ဘေးက ထိုင်ခုံ​လေးမှာ lisa ဝင်ထိုင်လိုက်ပြီး
jennie ကိုကြည့်​​နေတုန်း မကြာလိုက်ပါဘူး
jennie ကနိုးလာခဲ့တယ်

"ဘာလာလုပ်တာလဲ အ​စောကြီး?
ဒီအချိန်ကြီး အ​​ကြွေးလာ​တောင်းတာ​တော့မဟုတ်ဘူးမှတ်လား?"

So far away(Completed)Where stories live. Discover now