ဘယ်​လောက်မှမကြာလိုက်ဘူး
lisa ဆီက ဖုန်းဝင်လာပြီး အ​ရေးတကြီး​ခေါ်​နေတာ​ကြောင့်...

"ဒီမှာခဏ​နေခဲ့ကြ​​နော်
unnie အလုပ်ကိစ္စ​လေးရှိလို့"

"ဟုတ်ကဲ့"

ခုဆို ရုံးခန်းထဲမှာ Jennie နဲ့
သူငယ်ချင်းဖြစ်သူ Irene တို့ 2 ​ယောက်တည်းသာ

"ဟဲ့ Jennie!
နင်လုပ်​နေတာမဟုတ်​သေးဘူး​နော်"

"ဘာကိုလဲ?"

"နင်ဘာလို့ အဲ့​ရေ​မွှေးပုလင်း​တွေတင်ထားတဲ့ စင်ကြီးကို
ပျက်စီး​အောင်လုပ်ရတာလဲဟာ?
ဟိုသူ​ဌေးက နင့်ကို​ဒေါသမျက်လုံး​တွေနဲ့ကြည့်သွားတာ​နော်"

"ငါက Dady ကို အရွဲ့တိုက်ချင်လို့
သူလုပ်တဲ့ company မှာ လာပြီး​မွှေတာပဲ

ဒါ​ပေမယ့်
အဲ့ဒါ ဟိုတစ်​ယောက်ပိုင်တာမှန်း ငါကဘယ်လိုသိမှာလဲလို့"

"နင်က တကယ့်မလွယ်​ကြောပဲ
ဒါနဲ့​လေ သူ​ဌေးက ​ချောတယ်​နော်"

Jennie ပြုံးဖြီးပြီး​ပြောလာတဲ့ Irene ကို
မျက်​စောင်းထိုးပြီးကြည့်လိုက်တယ်

"ဟဲ့
ဟိုက အ​ဖြောင့်မကြီးဟဲ့
နင်​သေချင်​နေလို့လား?"

"ဘာဖြစ်လဲ?
အ​ဖြောင့်ဆိုရင်လည်း ငါ့မာယာ​တွေနဲ့ 
ကောက်​အောင်လုပ်​​ပေးမှာ​​ပေါ့"

"နင်က?
လုံးဝ မဖြစ်နိုင်ဘူး
ငါ့လို ဆရာကြီးဆိုရင်​တော်​သေးတယ်"

Irene တစ်​ယောက် တစ်ခုခုကို စဉ်းစားလိုက်တယ်
ပြီး​တော့ မဲ့ပြုံးတစ်ချက်ပြုံးရင်း

"နင်နဲ့ ငါ​လောင်းမလား?"

"ဘာကိုလဲ?"

"​နင် အဲ့ သူ​ဌေးကို ရ​အောင်လိုက်နိုင်ရင် 
နောက်ဆုံး​ပေါ် ပြိုင်ကားတစ်စီးငါဝယ်​ပေးမယ်
မနိုင်ရင် ငါ့ကိုဝယ်​ပေးရမယ်"

Irene ရဲ့ စကားအဆုံး Jennie  ပြုံးလိုက်တယ်

"​ကောင်းပြီ​လေ
Kim Jennie က အဲ့ဒါမျိုးကိုမှ ကြိုက်တာ"

Jennie တို့ ရုံးခန်းထဲမှာ​စောင့်​နေရတာ 2နာရီ​လောက်ရှိ​နေပြီ
အရင်စိတ်နဲ့ဆို ချက်ချင်းပြန်မိမှာ
ခု​တော့ Irene နဲ့​လောင်းထားတဲ့ကိစ္စ​လေးလည်းရှိ​သေးတာမို့
သည်းခံပြီး ​စောင့်​နေရတယ်

So far away(Completed)Where stories live. Discover now