Sixth String{Part-2} (Z+U)

Start from the beginning
                                        

ပြောလိုက်သည့် ပုံစံကိုက ဂုတ်ကနေကိုင်
ပြီး ဆွဲလွှင့်ပစ်ချင်စရာ။Classical လောက
ထဲက ဆိုတိုင်း ညကတည်းက နည်းနည်း
လေးမှ မနားရသေးပဲ မနက်အရုဏ်တက်ခါ နီးအထိဆွဲခေါ်သွားသမျှ နေရာတိုင်းကို လိုက်ကြည့်နေရတာ ပြုံးပျော်နေမယ်
ထင်နေသလားပဲ။  စိတ်ရှိလက်ရှိတိုင်းသာ
လုပ်လိုက်ရရင် ...

" ကျွန်တော့်ကို လုပ်မယ်ဆိုလည်း ဒီကိစ္စ
တွေပြီးမှ စိတ်ကြိုက်လုပ်ပါ။ အခုတော့
ဒီနေရာကို သေချာကြည့်ပါဦး။ နောက်ထပ်
နေရာတွေရှိသေးတာမို့ မြန်မြန်ကြည့်ပေး
ရင် အရမ်းကို ကျေးဇူးတင်မိမှာပါ။"

"မင်း ငါ့ခေါင်းထဲ ဝင်မကျူးကျော်လို့ မရဘူး
လား။ ငါ မကြိုက်ဘူး။"

"ဩော်...စောစောတော့မပြောဘူး။ Hyung
ပြောရင် ကျွန်တော်က မလုပ်ပါဘူး။"

အံ့ဩခြင်းနှင့်အတူ ကပ်လိုက်သည့် ဒေါသ
ကလည်း မနည်းမနော။ ပြောနေသည့် ပုံစံ
က အချိုးလုံးဝမပြေ...။ ဒေါသအရှိန်ကြောင့်
ခေါင်းတွေတောင် ကိုက်လာသလိုပင်။ ဒီ
သတ္တဝါကတော့ သေချင်နေပြီထင်သည်။
သိပ်မကြာခင်အချိန်တွင် ဆွဲထိုးမိတော့
မည်ဖြစ်သောကြောင့် စိတ်ကို ပြန်ထိန်းကာ
မြင်ကွင်းထဲက အိမ်ကြီးကိုပဲ အာရုံစိုက်
ကြည့်မိသည်။

ယင်စွမ်းအားများလွန်းနေသည်မို့ Hoseok
ပြောသည့် ပထမအချက်နှင့် ကိုက်ညီသည်
ကအသေအချာ။ ကံကြမ္မာနှောင်ကြိုး၏
အရိပ်အယောင် ရှိမရှိကိုသာ အာရုံခံကြည့်
ရမည်။ အာရုံခံရသည်ဆိုသည်မှာ လွယ်ကူ
လွန်းလှသည့်ကိစ္စတော့မဟုတ်။ ဝန်းကျင်
ပတ်လည်ကို မေ့ထားပြီး တစ်ချိန်တည်းမှာ
ပဲ ထိုဝန်းကျင်ပတ်လည်ကို ကိုယ့်အာရုံ
ဖြန့်ရသည်မှာ စူးစိုက်မှုနည်းနည်းလေးမှ
လွတ်သွား၍လည်း မဖြစ်ပေ။

ကံကြမ္မာနှောင်ကြိုး၏တည်ရှိမှုသည် ရှားပါး
လွန်းသည့်အတွက် နှောင်ကြိုး၏ အရိပ်
ယောင်ရှိနေသည့်နေရာသည် ထိုသူတို့ ပုန်း
ခိုရာ နေရာဖြစ်ဖို့များသည်။ ထို့ပြင် သူရှာရ
သည်မှာ ဝိညာဉ်ကနှောင်ကြိုးမဟုတ်ပဲ
Hoseok ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်
အရိပ်ယောင်ကို ဖြစ်ရာ ကောက်ရိုးပုံထဲ
အပ်ရှာရသည်ထက်ပင် ပို၍ ခက်ခဲသည်။

You've reached the end of published parts.

⏰ Last updated: Sep 05, 2020 ⏰

Add this story to your Library to get notified about new parts!

Strings of Fate Where stories live. Discover now