ခပ်သွယ်သွယ်လက်ချောင်းတို့က အဖြူ အမည်း ခလုတ်ခုံတို့အပေါ် ကြွကြွရွရွလေး ပြေးလွှားနေသည်။ အာရုံအဝဝကို ဖန်တီးမှုတွင်သာ စူးစိုက်ထားကြောင်း မှိတ်ထားသော မျက်လုံးအစုံက ပြသသည်။ အတော်အတန်လူထူထပ်နေသည်ဟု ပြော၍ရသော စားသောက်ဆိုင်ခန်းမထဲတွင် စန္ဒယားမှ သံစဉ်များကလွဲ၍ အခြားအသံ ဟူသမျှ နတ္ထိ... ။
ဒါဟာ Hugh Laurie - Cuddy's Serenade ၏ ဆွဲဆောင်မှုကြောင့်ပဲလား။ ထို သံစဉ်တို့၏ ဖန်တီးရှင်ကြောင့်လားတော့မသဲကွဲပေ။ မထူမပါးနှုတ်ခမ်းသားတို့က တင်းတင်းစေ့ ထား၍ မာန်တစ်ခုဟပ်နေသည်။
မျက်လွှာချထားသော မျက်ဝန်းအစုံကို သေချာကြည့်လျှင် တုန်ခါနေသည့် မျက်တောင်တို့ကို တွေ့ရလိမ့်မည်။ သွယ်ဆင်းနေသော နှာတံ နှင့် သေသပ်လှ
သော မေးရိုး။ခပ်အုံ့အုံ့အညိုရောင် ဆံနွယ်တို့က ဆေးမကူပါ၍ နဖူးထက်တွင် ခပ်ဝဲဝဲ။ ရူပါ အနေဖြင့်အမှတ်ပြည့်ပေးချင်စ ရာ ထိုကောင်လေးသည် သူ၏ ဂီတအစွမ်း ဖြင့်လည်း ဧည့်သည်အားလုံး၏ အာရုံကို သိမ်းယူသည်။
မည်းနက်နေသော စန္ဒယားနှင့်ဆန့်ကျင်စွာ ဝတ်ဆင်ထားသည်က အဖြူ ရောင်ချည်းသာ။ နတ်သူငယ်တစ်ယောက်အလားပင်...။ ရုတ်တရက် အသံအားလုံး တိတ်ဆိတ်သွား ကာမှ ဖျော်ဖြေမှု ပြီးဆုံးသွားကြောင်း
သတိဝင်ကြသည်။ ထိုနတ်သူငယ်လေး၏ မျက်လုံးအစုံဖွင့်လာမှ အနားသတ်လိုက် သောပန်းချီကားတစ်ချပ်လို ပြည့်စုံမှုကို ခံစားရကြသည်။ လူတို့၏ အာရုံအဖြာ
ဖြာကို သိမ်းယူထားသော ထိုနတ်သူငယ်လေး ကတော့ဖြင့် ခါးညွတ်၍ နှုတ်ဆက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်...။
သေချာသတိထားကြည့်မိဆိုပါလျှင် တည်တည်ငြိမ်ငြိမ်ထွက်သွားသည်ဟု ထင်ရ သောသူ၏ နီရဲနေသော နားရွက်ထိပ်ဖျား များနှင့် အလျင်လိုနေသော ခြေလှမ်း
တို့ကို တွေ့ရလိမ့်မည်ဖြစ်သည်။
...................
"အေး Taehyung ရေ... ဒီမှာ ဒီနေ့အတွက်
လခ။ မင်းကျေးဇူးကြောင့် ဆိုင်မှာ လူတော်
တော်စည်လာတာကွ။ "
ကမ်းလာသော အဖြူ ရောင်စာအိတ်လေးကို
အသာယူကာ ခါးညွတ်နှုတ်ဆက်လိုက်ခြင်း
ဖြင့် ကျေးဇူးတင်ကြောင်းကို သိစေသည်။
အလုပ်ရှင်နှင့် အလုပ်သမားကြား ဒီထက့်
လည်း ပို၍ ပြောစရာမရှိတော့ဟု တွေးမိ
သည့်အလျောက် ပြန်ထွက်မည်အလုပ်တွင်
မန်နေဂျာကြီးက လှမ်းတားသည်။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
