Sixth String {Part-1} (Z+U)

239 35 13
                                        

ZAWGYI

နှလုံးသားတစ်ခုလုံး ပေါက်ကွဲမတတ် နာကျင်
ခြင်း...

ထို ခံစားချက်နှင့် Taehyung အရမ်း ရင်းနှီး
သည်။ "သား အတွက် လက်ဆောင်ဝယ်
လာခဲ့မယ်နော် " ဟူသော နောက်ဆုံး ကတိ
ကို ဖျက်ခဲ့ပြီး သူ့ကို ထားခဲ့ကြသော အမေနှင့်
အဖေရဲ့ အသုဘ တုန်းကလည်း သူဒီလိုပဲ
ခံစားခဲ့ရသည်။ ထိုစဉ်တုန်းက သေခြင်းတ
ရား ဆိုသည်နှင့် မရင်းနှီးခဲ့သော်လည်း 'တစ် ယောက်တည်း ထားခဲ့ကြပြီ'ဆိုတာကိုတော့
နားလည်နိုင်ခဲ့သည်။

အခုလည်း သူ့ကို ထိုသူက ထားသွားပြန်ပြီ
လား။ အမေနဲ့ အဖေတုန်းကလိုပဲ သူ့ဆီကို
ပြန်မလာတာ့ဘူးလား။ ဘာဖြစ်လို့ သူ့ကျမှ
ဒီလိုတွေ ခံစားနေရတာလဲ။ သူ ဘာတွေ
မှားခဲ့လို့လဲ။ ဘာလို့လောကကြီးက မတရား
သဖြင့် သူ ချစ်တဲ့သူတွေကို သူ့ဘဝထဲကနေ
ခေါ်ထုတ်သွားရတာလဲ။

မေးခွန်းများနှင့် ချာချာလည်နေသော
ဦးနှောက်သည် နှလုံးသားက နာကျင်မှုကို
ပို၍ ဆထက်ဆိုးစေသလိုပင်။

ဒါပေမယ့် ...

ဒါပေမယ့် ... ထိုသူက သူ့ဆီကို ပြန်လာခဲ့
သည်။

ဘယ်လို ပုံစံမျိုးနှင့် ဖြစ်ပါစေ...သူ့ဆီကို
သေချာပေါက် ထိုသူ...Jung Hoseok က ...
Jung Hoseok က ရအောင် ပြန်လာခဲ့သည်။

အာ.... ခင်ဗျားက ကျွန်တော့်ကို မထားခဲ့
ဘူးပဲ ...

ခင်ဗျား ဘယ်လို  ပြန်လာတာလဲ မသိပေ မယ့် ...သေချာပေါက် ကျွန်တော့် အတွက်
ပြန်လာခဲ့တာမလား ...။

Rin Kim ကပေးလိုက်တဲ့ စာချုပ်...။ ပိုင်ရှင်
နေရာမှာ ရှိနေတဲ့ ကျွန်တော့် နာမည် ...။
Nivara Tech ဆိုတာ ကျွန်တော့်အတွက်
ရည်ရွယ်ပြီး သူကိုယ်တိုင် ဖန်တီးထားတဲ့
ကုမ္ပဏီတဲ့...။ အဲ့ဒါ အပြင်ကို တစ်ခြား သူ
ပိုင်ဆိုင်သမျှကို လွှဲပြောင်းထားကြောင်းတွေ။

ခင်ဗျားက သေမှာကြို သိနေလို့ ဒီလိုတွေ ပြင်
ထားတာလား...။

ကျွန်တော်က ခင်ဗျား နာမည်တောင် မသိ
ပဲ၊ စုံစမ်းဖို့တောင် သေချာမကြိုးစားမိတဲ့
အချိန်တွေမှာ ခင်ဗျားက ကျွန်တော့် အတွက်
ဆိုပြီး စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်
ခဲ့တယ်တဲ့လား...။

Strings of Fate Where stories live. Discover now