လွန်ခဲ့သော နှစ်ပတ်ခန့်က
အဖိုးတန် အပြင်အဆင်များနှင့် ဧည့်သည်
အနည်းငယ်သာ ရှိသော စားသောက်ဆိုင်
ခန်းမအတွင်းတွင် သွက်လက်လှပသည့်
Jazz Piano သံက မတိုးမကျယ် လွှမ်းမိုးထား
သည်။ သံစဉ်များကို ဖန်တီးသူသည် သူ၏ အာရုံကို ခပ်သွယ်သွယ် လက်ဆယ်ချောင်း၏ ထိပ်ဖျားတွင်သာ စုစည်းထားပြီး မျက်လွှာချ
ထားသည်။
ထို ပုံရိပ်လေးကို မမှိတ်မသုန်ကြည့်နေသည့်
သူတစ်ယောက်လည်း ရှိလေသည်။ တော်ရုံ
သူများအဖို့ ရှိနေမှန်းကို မသိသည့် အပေါ်
ထပ်ရှိ VIP အခန်းထဲမှ တဆင့် ထိုပုံရိပ်လေး
၏ လှုပ်ရှားမှုတစ်ခုတစ်လေကို လွတ်သွား
မည်ကိုပင် နှမြောမိသည့်အလား အကြည့်
မလွှဲနိုင်ရှိနေ၏။
" အဲ့လောက်တောင် ချစ်နေတာများ အခုပဲ
သွားတွေ့လိုက်ပါတော့လား။ ဟိုကငြင်းမှာ
မဟုတ်တာ သိနေတာကို..."
အကြောင်းစုံ သိနေ၍ ခပ်ပါးပါး ဆွပေးနေ
သည်ကို အကြည့်တစ်ချက်မလွှဲပဲခပ်ပြုံးပြုံးနှင့် ပြတ်ပြတ်သားသားပင်ပယ်ချသည်။
" အဲ့လောက် မရိုးရှင်းဘူး Jungkook..."
"ကျွန်တော် နားမလည်ဘူး... ။ အခုဆို Jung Group လည်း မင်းလက်ထဲ ရောက်နေ ပြီပဲကို မင်းဘာလုပ်လုပ် ဘယ်သူမှ တားမယ့် သူမရှိ ဘူးလေ။ခုနစ်နှစ်လုံးလုံး သည်းခံခဲ့ပြီးပြီပဲ။ ဒီလောက်ဆို သူ့အနားသွားလို့ရပါပြီ "
" မရသေးဘူး...ရှင်းရဦးမယ့် ညှောင့်တွေကျန်
နေသေးတယ်။ အကုန်လုံး ပြီးပြီဆိုမှ ငါ သူ့အ
နားကို သွားမှာ "
"ညှောင့်တွေ ဟုတ်လား။ ကျွန်တော် ကူရှင်း
ပေးရဦးမလား။ "
သူ့ကို နွံထံမှ ဆွဲထုတ်ကာ သာမန်လူတစ်
ယောက်ရဲ့ ဘဝကို ပေးခဲ့သော Hoseok အ
တွက် သူ အသက်ပေးရမည်ဆိုလျှင်ပင် Jungkook ဝန်လေးလိမ့်မည်မဟုတ်ပေ။ သို့
သော် Hoseok လက်ခံလိမ့်မည် မဟုတ်
တာကတော့ ရာနှုန်းပြည့်သေချာသည်။ အပြင်ကသာ မာထန်နေသလို ပုံဖမ်းသလောက် တကယ်တမ်း အရမ်း သံယောဇဉ် ကြီးတတ်သူကိုး။
" ဒီတစ်ခါ ညှောင့်က တော်တော်ကို အမြစ်
တွယ်နေတာ။ ခုတလော အရမ်းကို ငြိမ်နေ
တာမို့ တစ်ခုခုကြံနေတာတော့ သေချာတယ်။
မိရင်တော့ အပြီးသတ်ရှင်းရမယ်။ "
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
