လွန်ခဲ့သော ခုနစ်နှစ်ခန့်က
မော်စကို၊ ရုရှား
Great Hall of the Moscow Conservatory
တွင် လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော
နိုင်ငံတကာ Tchaikovsky Competition
၏ ဆန်ကာတင် လူရွေးပွဲချိန်တွင်ဖြစ်သည်။
ဆောင်းဦး ရွက်ကြွေတွေက ပန်းခြံတွင်းရှိ
လူသွားလမ်းငယ်လေးများထက်တွင် နေရာ
ယူထားကြသည်မှာ အပြည့်...။ လူငယ်လေး
တစ်ယောက်ကတော့ ထိုရွက်ကြွေများအပေါ်
အာရုံမရှိသည့်နှယ် နင်းလျှောက်သွားလျက်
ရှိသည်...။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ခြေဦးတည့်ရာ လမ်းလျှောက်ရင်း ရောက်နေ
သည့် နေရာကို သတိထားကြည့်မိသည့်အခါ
ပတ်ဝန်းကျင်တွင်လည်း ဘယ်သူမှမရှိသည့်
ပန်းခြံအစွန်ကို ရောက်နေကြောင်း သိလိုက်ရ
သည်...။
ထိုအချိန်တွင် နားထဲဝင်လာသည့် သံစဉ်ခပ်
တိုးတိုး...။ အသံလားရာကို ရှေးရှုကာခြေလှမ်း
တို့ကို ဦးတည်မိတော့ တဖြည်းဖြည်းပြတ်သား
လာသည့် သံစဉ်တို့က နားစည်မှတဆင့် နှလုံး
သားကို ရိုက်ခတ်သည်...။ တစ်ကိုယ်လုံးက
သွေးကြောတွေအကုန်လုံး သိမ့်သိမ့်တုန်
သွားလောက်အောင် သွက်လက်လှပသည့်
သံစဉ်တွေက သိမ်းယူသည်...။
လိုက်ဖက်လိုက်လေခြင်း...။ ဆောင်းဦးရာသီ
ရဲ့ အလှဆုံးအရာတွေ...။ သစ်ပင်တွေပေါ်က
ရွှေအိုရောင်သန်းနေတဲ့ သစ်ရွက်တွေ...။ ကောက်ပင်တွေကိုရိတ်သိမ်းပြီးနောက် မီးပုံပွဲမှာ ပျော်ရွှင်စွာကခုန်နေကြတဲ့သူတွေ...။ ယမကာရဲ့ ယစ်မူးမှုနဲ့အတူ အပျော်ဆုံး ကခုန်ပြီး အိပ်မောကျသွားတဲ့သူတွေ... ။ ကိုယ်ပါ အခုချက်ချင်း ရောယောင် ကလိုက်မိလိုက်ချင်သည်အထိ...။
YOU ARE READING
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
