"သေချာတာပေါ့ ..."
ထို့နောက် Taehyung မျက်လွှာများကို မှိတ်
လိုက်ကာ Hoseok ပေးသည့် အကြင်နာထဲ
ပျော်ဝင်မိတော့သည်။
ဘဝတစ်ခုလုံးကို ပုံအောလောင်းကြေးထပ်
ကာ ချစ်တတ်ကြသူများက ရှုံးသည်တဲ့။
မည်သည့်စာအုပ်ထဲတွင် ဖတ်ဖူးခဲ့သည်ကို
သတိမရတော့သော်လည်း ထိုစာကြောင်း
ကိုဖြင့် Taehyung မှတ်မိနေခဲ့သည်။
ဒီလိုသာဆိုရင် Taehyung တို့ နှစ်ယောက်
လုံးကတော့ အရှုံးသမားတွေပဲထင်ပါရဲ့။
ဒါမှမဟုတ် အနိုင်ရသွားသူတွေပေါ့ ...။
.................. 💐💐💐💐💐💐.....................
အခြားတစ်နေရာတွင် ဖြစ်သည်။
မျက်စိရှေ့တွင်မြင်နေရသော မီးရောင်များ
ထွန်းတောက်နေသည့် အိမ်ကြီးကို ကြည့်ပြီး
Yoongi ပြန်လှည့်ပြေးချင်စိတ်ကို တတ်နိုင်
သမျှ ထိန်းထားရသည်။ အကြောင်းကား နေ့
ခင်းတမျှ ထွန်းလင်းနေသည့် ထိုအိမ်ကြီး
သည် သူ့မျက်လုံးထဲတွင်တော့ မည်းမှောင်
နေသည့် အခိုးအငွေ့များ အုံ့ဆိုင်း ဖုံးလွှမ်း
နေကာ အဆိုးဝါးဆုံးသော ခြောက်ခြားစရာ
ခံစားချက်ကိုပေးစွမ်းနေသည်။
သူ့ဘဝတွင် ဤမျှ များပြားလှသည့် ယင်စွမ်း
အားများကို ပထမဆုံးတွေ့ဖူးခြင်းပင်။ ဝင်
သွားဖို့မပြောလေနှင့်။ ခပ်လှမ်းလှမ်းက
ကြည့်နေရသည်ကပင် သူလို ယင့်ယန်
မျက်လုံးရှိသူကို ဆိုးဆိုးရွားရွား အသက်ရှူ
ကြပ်စေသည်။
ဘေးက ကိုယ်တော်ချော၏ အခြေအနေကို
မျက်လုံးထောင့်မှ အကဲခတ်ကြည့်မိတော့
အေးအေးလူလူပင် ပီကေတောင် ဝါးနေ
လိုက်သေးသည်။ မထိန်းနိုင်လိုက်သော
ဦးနှောက်က များစွာသော ကျိန်ဆဲမှုများ တန်း
စီထွက်ကျ သည်။ သူ၏ စိတ်တွင်း ကျိန်ဆဲ
မှုကို ကြားလိုက်သည့်အလား လှည့်ကြည့်
ပြီး မျက်လုံးများ လခြမ်းကွေးသဖွယ်ဖြစ်
သွားသည်အထိ အပြုံးတုကြီးကို ပေးသည်။
" Hyung က မထင်ရဘူးနော်။ အဆဲကျွမ်း
သားပဲ။ Classical လောကထဲကဆိုတော့
ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး
လေး ဖြစ်မယ်ထင်ထားခဲ့တာ ..."
ESTÁS LEYENDO
Strings of Fate
FanfictionFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Sixth String{Part-2} (Z+U)
Comenzar desde el principio
