Sixth String{Part-2} (Z+U)

Start from the beginning
                                        

" Hyung ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က Hyung နဲ့ စကားပြောနေမယ်
လို့ ပြောမလို့ဟာကို "

မျက်နှာပူပူနှင့် အော်နေသောသူ့ကို သဘော
ကျစွာ Hoseok ကရယ်သည်။

" ရော်...ကိုယ်က ဘာပြောမိလို့လဲ။ ကောင်လေး တစ်ယောက် ဘာတွေတွေးပြီး
မှောင်နေတာလဲ မသိပါဘူးကွာ။"

" Hyung!!!"

" အင်းပါ ...အင်းပါ။ ကိုယ်မှားပါတယ်။
ကိုယ်က ဒီအတိုင်း စလိုက်တာပါ။ ကောင်လေးက ရိုးရိုးသားသားပြောတာကို
ကိုယ်ကသာ မှောင်ပြီး လိုရာဆွဲတွေး
နေတာ။ "

" Hyung!!!!!"

" ဟားဟားဟား...."

သဘောကျစွာရယ်နေသည့် သူ့အသံကို
သဘောကျသော်ငြား ပြောနေသည့် အကြောင်းအရာ က အတော်ကို မျက်နှာ
ပူစရာမို့ သူ့ရင်ခွင်ထဲသာ နီရဲနေသည့်
မျက်နှာကို ဖွက်ထားမိသည်။ အေးစက်နေ
သည့် သူရင့်ခွင်ကြောင့် ဖြည်းဖြည်းချင်း
ပြန်တည်ငြိမ်လာရသည်။  အေးစက်နေရ
သည့် အကြောင်းရင်းကို သတိရမိတော့
ထိတွေ့ကိုင်တွယ်ခွင့်ရနေသည့် သူ့ကျော
ပြင်ထက်က အင်္ကျီစကို ခပ်တင်းတင်းကိုင်
ဆွဲမိသည်။

ပြောင်းလဲသွားသည့် လေထုကို သတိထား
မိသည့်အလား Taehyung ၏ ခေါင်းကို
ခပ်ဖွဖွလေး ပုတ်ပေးကာ နှစ်သိမ့်ပေးပြန်
သည်။

" Hyung ... "

" အင်း... "

"Hoseok Hyung "

"အင်း "

" Jung Hoseok Hyung"

"အင်း"

" ကျွန်တော့်ဘေးမှာ အမြဲရှိနေတော့မှာ
လား "

"......."

ပြန်ဖြေသံကို မကြားရတော့ စိုးရိမ်လေးပင်
သွားသည့်စိတ်နှင့်အတူ Hoseok ကို စိုက်
ကြည့်လိုက်သည်။ သူ့ကို ပြန်လည်စိုက်
ကြည့်နေသည့် မျက်ဝန်းများထဲတွင်တော့
လျှံကျမတတ်ပြည့်နှက်နေသည့် အကြင်နာ
တရားများ ...။ ဒီလူဟာလေ ...

Taehyung ၏ ပါးအစုံကို ခပ်အေးအေးလက်
များဖြင့် ပွေ့ယူကိုင်လိုက်သည်။ ထို့နောက်
နှာခေါင်းထိပ်ဖျားများထိလောက်သည်အထိ
နီးကပ်သွားစေခဲ့ကာ ...

You've reached the end of published parts.

⏰ Last updated: Sep 05, 2020 ⏰

Add this story to your Library to get notified about new parts!

Strings of Fate Where stories live. Discover now