အိမ်လာလည်သူတွေကို သေချာဧည့်ဝတ်
မကျေနိုင်လိုက်သည့် အားနာမှုနှင့်အတူ
ခြံဝအထိသာ လိုက်ပို့နိုင်သည်။ Taehyung
အကြောင်းကို ကောင်းကောင်းသိကြသူတွေ
မို့ မပြောလိုသည့်အကြောင်းရာကို သေချာ
ရှောင်ကာ အမြဲဘေးမှာသာ ရှိနေပေးမည်
ဖြစ်ကြောင်း သိစေခဲ့ကြသည်။ တကယ်ကို
နွေးထွေးစေသည့် သူငယ်ချင်းများပင်။
" သူတို့လည်း နားလည်မှာပါ "
နွေးထွေးသည့်အသံက ဘယ်သူပြောသည်
ကို လှည့်ကြည့်စရာမလိုစေခဲ့။ Taehyung
ပခုံးကိုသာ အသာဖက်ပြီး နှစ်သိမ့်ပေးသည်။
Taehyung လည်း မှီခိုရာပေါ်လာပြီမို့ ဘေး
နားရှိသူ၏ပခုံးထက်သို့ ခေါင်းစောင်းတင်
လိုက်သည်။
ညနက်၏ တိတ်ဆိတ်မှုနှင့်အတူ ဝိုင်းစက်
လုနီး လသာသာ၏ လောင်းရိပ်အောက်
တွင် စကားမဆိုမိပဲ ငြိမ်းချမ်းခြင်းကိုသာ
ရှာဖွေမိကြသည်။
ဆောင်းဦးလေပြေတစ်ချက်၏ ကျီစားမှု
အောက်တွင် နဂိုကတည်းက အအေးဒဏ်
မခံနိုင်သော Taehyung စိမ့်ခနဲဖြစ်သွားရ
သည်။ သူ့အကြောင်းကို သိလွန်းသူကြီး
ကလည်း အိမ်ထဲသို့သာ ဆွဲခေါ်သွားခဲ့
သည်။
ကော်ဖီခပ်နွေးနွေးတစ်ခွက် သောက်ချင်စိတ်
ပြင်းပြလာသောကြောင့် မီးဖိုခန်းဆီ ဦး
တည်မိသော ခြေလှမ်းတို့က အသာလှမ်း
တားသူတစ်ယောက်ကြောင့် တန့်သွားရ
သည်။
" ဘယ်အချိန်ရှိနေပြီမို့ ကော်ဖီသောက်ဖို့
စဉ်းစားနေတာလဲ။"
မျက်ခုံးတစ်ချက်ပင့်ကာ ပြောလာသည့်
ပုံစံက လုံးဝ Taehyung သဘောကျသည့်
စတိုင်။ ဝုန်းဒိုင်းပြန်ကျဲစ ပြုလာသော
ရင်တွင်းတစ်နေရာကို ခဏလျစ်လျူ ရှုကာ
စောဒကတက်မိတော့သည်။
" Hyung ကလည်း ... မဟုတ်လည်း မအိပ်
ရမယ့်အတူတူတော့ သောက်မယ်လေ
နော်"
" ပြောစမ်းပါဦး။ ခင်ဗျားလေးက ဘာလုပ်
နေမှာမို့ မအိပ်ရမှာလဲ..."
"အယ်..."
အစကတော့ Hyung နဲ့ စကားပြောမလို့
လေ ဟု ဖြေမလို့ပင်။ သို့သော် ပြုံးစစနှင့်
အဓိပ္ပါယ်ပါပါကြီး ကြည့်နေသည့်သူကြောင့်
ထို 'အဓိပ္ပါယ်' အား နားလည်သဘောပေါက်
သွားသည့် သကာလ ... နားရွက်ဖျားများပင်
သိသိသာသာ ပူနွေးသွားရတော့သည်။
KAMU SEDANG MEMBACA
Strings of Fate
Fiksi PenggemarFrom the first time we met, we are tied together by a string of fate. We will still be tied together even if death is in between. Jung Hoseok x Kim Taehyung Present for someone~♥
Sixth String{Part-2} (Z+U)
Mulai dari awal
