အပိုင်း(၁)နွေဦးနဲ့တွေ့ဆုံခြင်း(uni/zgi)

Start from the beginning
                                    

"ဟင်း ----- "
စိတ်ညစ်သည့်ပုံစံဖြင့် ဇေလင်းမောင် သက်ပြင်းရှည်တစ်ချက်ချသည်။ ဂျီကျ၍ မရသည့်အဆုံး ကားပေါ်တတ်ရပေတော့မည်။

"တတ်လိုက်ပါ သားရယ် ၊ တတ် တတ် "

စိတ်ဆိုးပြိး ကားပေါ်တတ်သွားသော သားဖြစ်သူကို ဒေါ် ဇာဇာဝင်းသူ ပြုံးကာ ကြည့်ကျန်ခဲ့သည်။ သူမ သားငယ်သည် ဖြူစင် လွန်းလှပြီး သူမ အုပ်ထိန်းမှု အောက်တွင် ကောင်းကောင်းမွန်မွန် ကြိးပြင်းလာခဲ့သည်။

ထိုအချိန်သည် သင်္ကြန် ၏ အကြွင်းအကျန်
ပိတောက်ပန်းကလေး များက ပွင့်ဖူးလျှက်ရှိ့နေဆဲ အချိန်ပင်ဖြစ်သေးသည်။
၂၀၀၄ ရဲ့ အစပိုင်းတစ်ခုမှာဖြစ်သည်။

နှစ်ယောက်စာ ထိုင်ခုံ ကိုတစ်ယောက်တည်း စိးရ သဖြင့် သက်တောင့်သက်သာ တော့ ရှိ့လှပေသည်။ မိသားစု ခရိးတွေ ထွတ်ဖူးပေမယ့် တစ်ယောက်တည်းခရိး မထွတ်ဖူးသေးသောအခါ ပထမဆုံးတစ်ယောက်တည်း ခရီးသွားရသောခရီး၌ အားငယ်ချင်လာသည်။အားငယ်သည်ထက် လိုက်မပို့သော မေမေကို ပို၍စိတ်တို မိသည် ။ သို့သော် အချိန်တစ်ခု အတွင်းမှာ စိတ်တိုနေသော အခြင်းအရာများ အနည်ထိုင်လာသည်။

မနက် ၈ နာရိ ကတည်းက စထွတ်လာသော ကားသည် မနက် ၁၀ နာရီ ထိုးတွင် ကားဂိတ်တစ်ခုသို့ ရပ်နားသည်။ ပြောင်းလဲသွား သော ပတ်ဝန်ကျင်အသစ်အဆန်းက စိတ်ကို တစ်မျိုးတစ်မည် ကြည်နူး မိစေသည်။ သို့သော်သဘာဝ အလှများကို အပြည့်အဝ မခံစားနိုင်သေး ။မေမေ တို့ကို မကျေနပ်သောစိတ်များက အနည်မထိုင်နိုင်၊ တနုံ့နုံ့ ကျန်နေကြသေးသောကြောင့် ဟုထင်သည်။

ရပ်နားထားသော ကားဂိတ် မှ ကားပေါ် တတ်လာသော လူများက ဇေလင်းမောင် ၏ အသွင်အပြင် တို့ကို ငေးကြည့်သွားကြသည်။ ခေတ်အခြေအနေအရ သေသပ် သော အဝတ်အစားနှင့်အတူ တင့်တယ်သောရုပ်ရည် ၊ ဇာဇာဝင်းသူ၏အမွှေဖြစ်သည့် ရှုမ်းသွေးစပ်ထားသော ဖြူဖြူလွလွ အသားအရည် ၊ စသည်တို့က အနည်းဆုံး လူတစ်ယောက်ကို တစ်ခေါက်လောက် ငေးကြည့်မိစေဖို့ စွမ်းဆောင်နိုင်သည်။ ချေမိုးနေသော ပုံစံ မဟုတ်သည့်တိုင် လူရှိန်ချင်စရာ ဖြစ်နေသဖြင့် လွတ်နေသော ဘေးခုံကို တော့ တော်ရုံလူ ဝင်ထိုင်ရဲမည်မဟုတ်။

Spring Of Breeze (Completed)Where stories live. Discover now