​"နောက်ပိုင်း​တော့ မင်း​ဘုန်းနေက မြန်မာပြည်ပြန်လာပြီး လက်ထပ်ချင်တယ်။ ဒါ​ပေမယ့် နှင်းဧကရီက ပြန်မလာချင်ဘူး။ အဲ့မှာညှိမရကြရာက​နေ လမ်းခွဲလိုက်ကြတယ် တဲ့ "

​သော်တာယံက ​​ရှင်းပြလိုက်ရလို့ မောသွားဟန် ​နောက်ထပ် တစ်ခွက်​မော့ချပြီးမှ ဆက်​ပြောလာတယ် ။

"သူတို့လမ်းခွဲပြီး သိပ်မကြာဘူး မင်း​ဘုန်းနေ လည်းပြန်လာခဲ့တယ် ။​နောက်ပိုင်း ဘာအဆက်သွယ်မှမရှိ ကြဘူးတဲ့ ။ "

ဒါဆို ဒီ​ခေတ်သား​လေးက​ရော ...။
မင်း​ဘုန်းနေ နဲ့ နှင်းဧကရီက လွန်ခဲ့တဲ့ ​လေးနှစ်က လမ်းခွဲခဲ့ကြတယ်။ဒါဆို မင်း​ဘုန်းနေနဲ့ လမ်းခွဲပြီးပြီးချင်း ဒီ​ခေတ်နဲ့ လက်ထပ်ခဲ့တာလား။
အဖြေရှာမရတဲ့ ပ​ဟေဠိ​တွေနဲ့အတူ ​ခေါင်း​တွေ​နောက်လာရသည်။
ဖန်ခွက်ထဲက အရည် တချို့ကို ​အကုန်​မော့ချရင်း သဲလွန်စ​တွေ​ပျောက်​နေဆဲ ​​ကိစ္စတစ်ခုတွက် စိတ်​တွေ ​လေးလံ​နေခဲ့သည်။

ဒီ​နေ့​တော့ ရုံးတက်ရမည်မို့ ရုံးသွားရင်း ​ရောက်ရောက်ချင်း အိမ်မပြန်ဘဲ သူ့ဆီလာသော သူငယ်ချင်းကြီးကို သူ့အိမ် ၀င်ပို့​ပေးရ​သေးသည်။

"မင်းပြန်​ရောက်​နေတာ ဒီ​ခေတ်ကို ​ပြောလိုက်ရမလား" လို့​မေး​တော့

" ​နေပါ​စေ သူပြန်လာတာ​တောင် ငါတို့ အသိမ​ပေးတာ ငါ​ရောက်​နေတယ်​ပြော​တော့​ ၀မ်းသာအားရ လာ​တွေ့မှာတဲ့လား အဟင်း"

အသက်မပါတဲ့ ရယ်သံတစ်ချက်က သူ့ရင်ထဲက နာကျင်မှု​တွေကို ထင်အပ်​​စေတယ်။
ကားတံခါးကို တွန်းဖွင့်ရင်း ဆင်းသွားကာ လက်ပြရင်း ​ကျောခိုင်းသွားတဲ့ ​သော်တာယံကို လှမ်းကြည့်ပြီး သက်ပြင်း​မော ချလိုက်ကာ ​ထို​နေရာမှ ထွက်လာခဲ့လိုက်​တော့သည်။

ကိုယ်နဲ့ မသိခင်ကတည်းက ခင်မင်လာကြ​​သော သူတို့နှစ်​ယောက်ရဲ့ သံ​ယောဇဥ်ကလည်း ဘယ်အတိုင်းတာထိ နက်ရှိုင်းလဲဆိုတာ သူတို့ကိုယ်တိုင် ထုတ်မပြ​တောင် မြင်​ယောင်နိုင်ခဲ့သည်။
ဒီ​ခေတ်ဆိုတဲ့ ​လူဆိုး​လေးက ကျွန်​တော့်အ​ပေါ်တင် ရက်စက်တာမဟုတ် ​သော်တာယံ့ကိုပါ သူသွားမည့်ကိစ္စကို အသိမ​ပေးခဲ့ ။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Opowieści tętniące życiem. Odkryj je teraz