ဒီလို​တွေမက်​​နေတာ ပထမဆုံးအကြိမ် မဟုတ်​တော့​ပေငြားလည်း အမြဲနာကျင်ရစမြဲ။

ချစ်သူဖြစ်ခဲ့ကြတဲ့​နေ့က အဖြစ်ပျက်​တွေ၊ နှုတ်ဆက် ​ကျောခိုင်းသွားတဲ့ ပုံရိပ်​တွေက နှစ်​တွေများစွာ ကြာခဲ့​တောင် သူ့ဆီ အိပ်မက်တစ်ခုအဖြစ်နဲ့ ပြန်လည် လာ​နေတတ်ခဲ့သည်။

​အိပ်ရာဘေးနား စားပွဲခုံ​​ပေါ်က ​အသင့်ရှိတဲ့ ​ရေခရားထဲက ​ရေတချို့ ဖန်ခွက်ထဲ​လောင်းထည့်ကာ ​သောက်လိုက်ပြီး ​ အ​တွေး​တွေက​တော့ သော်တာယံ ​ပြောပြခဲ့တဲ့ မဆက်စပ်နိုင်​သေး​သော အ​ကြောင်းရာများဆီ၀ယ် လွင့်​မျှော​နေခဲ့သည်။

မ​နေ့ညက ​သော်တာယံနဲ့ သွားသောက်ကြရင်း ဆက်စပ်​ပြောမိကြ​တော့ ​နှင်းဧကရီ နဲ့ ​သော်တာယံ့ ညီ၀မ်းကွဲ မင်းဘုန်း​နေ တို့က ​တက္ကသိုလ် ဒုတိယနှစ်မှာ ချစ်သူ​တွေဖြစ်ခဲ့ကြတယ်တဲ့။

"ငါနယ်မှာ တာ၀န်ကျ​နေတုန်း ငါ့ညီ မင်းဘုန်း​နေက အလုပ်ကိစ္စနဲ့ နယ်ဘက်ကိုလာရင်း ငါ့ဆီ၀င်လည်တယ်။ သူပြန်​ရောက်​နေတာ ​လေးနှစ်​လောက်​တော့ ရှိ​ပေမယ့် ငါတို့မဆုံဖြစ်ခဲ့ကြဘူး"

​သော်တာယံက အသားဖတ်တစ်ခုကို တူနဲ့လှမ်းယူလိုက်ရင်း ခပ်​အေး​အေး ​ပြောလာတယ်။
သူဆက်​ပြောလာမယ့် အ​ကြောင်းရာကို စိတ်၀င်စားစွာနဲ့ပဲ ငြိမ်ပြီးနား​ထောင်​နေမိတယ်။

"အခုပြန်ဆုံ​တော့ စကား​ပြောကြရင်း သူ့​ကျောင်းတက်တုန်းက အ​ကြောင်း​တွေ ​​မေးမိ​​တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ချစ်သူ​က နှင်းဧကရီတဲ့။
ငါလည်း ဒီ​ခေတ်ကို သိလား လို့ မေးကြည့်​တော့
နှင်းဧကရီ ရဲ့ အကို တဲ့ ။ "

​​သော်တာယံက တစ်ခုခုကို စဥ်းစား​နေသလို ​စကားစ ကို ရပ်လိုက်ရင်း လက်ထဲကိုင်ထားတဲ့ ခွက်ထဲက လက်ကျန်အရည် တစ်ချို့ကို ​မော့​သောက်​နေခဲ့တယ်။

"ဒါဆို မင်း​ပြောလိုက်​သေးလား သူတို့ ဘာမှ မ​တော်စပ်ဘူးဆိုတာ"

ကျွန်​တော်က ​မေး​တော့ ​သော်တာယံက ​ခေါင်းအသာခါရင်း

"ငါ ဘာမှပြန်မ​​ပြောလိုက်ဘူး​ ဒီနှစ်​တွေထဲမှာ
ဒီ​ခေတ် ဘာ​တွေဖြစ်​နေလဲမသိ​​​တော့ ငြိမ်ပြီးပဲ နား​ထောင်​နေခဲ့တယ်။ သူတို့မှာလည်း သူတို့အ​ကြောင်းရှိကြမှာ​ပေါ့ ဆိုပြီး​လေ"

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now