လီပေါင်ကော်က မေးလာ၏။
"စာအုပ်စင်မလား။ "

ကျန်ချန် အံတင်းတင်းကြိတ်ပြီး ပြန်ဖြေလိုက်တယ်။
"ဟုတ်တယ်။"

"ဘယ်လောက်ပေးလိုက်ရတာလဲ။"
လီပေါင်ကော်က အခန်းထဲသို့ဝင်လာပြီး ပြန့်
ကျဲနေသည့် သစ်သားများကိုကောက်ကိုင်ပြီး ကြည့်လာသည်။
" ကိုယ့်ဘာသာကိုယ်တပ်နေတာလား။"

"ဟုတ်တယ်။"
ကျန်ချန် အသက်ပြင်းပြင်းရှုသွင်းလိုက်သည့်အခါနာကျင်မှုကနည်းသွား၏။လီပေါင်ကော်ကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။
"နောက်တစ်ခါ အခန်းထဲဝင်ရင် တံခါးခေါက်ပြီးမှ ဝင်လို့မရဘူးလား။ "

"တံခါးခေါက်ရမယ်?။ "
လီပေါင်ကော်က ခဏမျှ အံ့သြနေပြီးနောက် ကျန်ချန် သူ့ကိုဟာသတစ်ခုပြောလိုက်သကဲ့
သို့တဟားဟားနှင့်ရယ်မောလာသည်။သူက ရယ်ပြီးသွားသည်အခါကျန််ချန်ကိုပြန်ကြည့်
လာ၏။
"တံခါးခေါက်ရမယ်။ဒါကငါ့သားအခန်းလေ။ငါ့သားအခန်း ငါဝင်တာ တံခါးခေါက်စရာလိုလို့လား။ မင်းတောင် ငါ့ရဲ့သုတ်ရည်ကြောင့် လူဖြစ်လာတာမဟုတ်လား။ "

"ဘယ်လို.....!"
ကျန်ချန် အလန့်တကြားဖြစ်သွားတယ်။

"ငါက စနေတာပါ။ "
လီပေါင်ကော်က ဆက်တိုက် ရယ်မောလာပြီး သူ့ကို လက်ညိုးတထိုးထိုးဖြင့်ပြောလာ၏။
"အရူးလေး ,ဘာလို့ ဒီလောက်ထိ လန့်သွားတာလဲ။"

"မဟုတ်ပါဘူး။"
ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေသောသစ်သားခင်းများကို ကျန်ချန် ပြန်ပြီးကြည့်လိုက်တယ်။သူ
လီပေါင်ကော်ကိုမကြည့်တော့ပဲ သူ့အလုပ်သူဆက်လုပ်နေလိုက်သည်။

လီပေါင်ကော်ကပြောလာ၏။
"ငါ မင်းကိုပြောမယ်,ငါတို့မိသားစုမှာ စည်း
မျဥ်းစည်းကမ်းမရှိဘူး။ ပြီးတော့ လူဆင်းရဲတွေကလူချမ်းသာတွေလိုမျိုး သိက္ခာမထားနိုင်ကြဘူး။မင်းကိုယ်မင်း ကြည့် ,စာအုပ်စင်လေးတောင်မဆောက်တတ်ဘူး။ ဒါပေမယ့်
ကိစ္စမရှိဘူး,မင်းက ပညာရေးမှာထူးချွန်တယ်။စာတော်တဲ့ကလေးတွေက တစ်ခြားနေရာတွေမှာ သိပ်မတော်ကြဘူး။ "

သူ့အတွက် လီပေါင်ကော်၏အကျိုးမရှိသည့်စကားတွေကိုနားထောင်ပြီး သူ လုပ်နိုင်သည်မှာပါးစပ်ပိတ်နေတာခြင်းဖြစ်သည်။သူ အသံ
တိတ်ပြီးဆန္ဒပြလျှင် လီပေါင်ကော်ကအခန်းအပြင်သို့ထွက်သွားဖို့ရန် မျှော်လင့်ထား၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now