အပိုင်း - ၅၂

22K 3.4K 133
                                    

{Zawgyi}

•ကံကောင်းစေတဲ့အဆောင်•

တကယ်လို့သာ လူတစ်ယောက်နှစ်ယောက်လောက်ကပဲ လေထဲကိုစကားတွေပြောနေကြတယ်ဆိုရင် သူတို့တွေ ဟန်ဆောင်နေကြတာလို့ပြောလို့ရသေးတယ်။ ဒါပေမယ့်အခန်းထဲက လူပေါင်းထောင်ချီပြီး လေထဲကိုစကားတွေပြောနေကြတယ်ဆိုတော့ သူတို့တွေအားလုံးရူးကုန်သလိုဟန်ဆောင်တာ မဖြစ်နိုင်တော့ဘူး။ ပြီးတော့လည်း တစ်ဖက်ကနေ စာပြန်ရေးပေးပြီးတုန့်ပြန်မှုရတယ်ဆိုတော့ အဲ့တာကတကယ်ကြီးလား? Flying Wolf ဌာနခွဲမှာ လူသေအဖွဲ့အစည်းကြီးက တကယ်ရှိနေတာလား! ဒီသေဆုံးပြီးတဲ့သူတွေက ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်မရှိပေမယ့် သူတို့စိတ်ထဲမှာရှိတာတွေကို ဖော်ပြလို့ရနေတယ်!

သူ့မျက်လုံးတွေနဲ့ တည်ရှိနေတဲ့လောကသစ်ကြီးကို မြင်လိုက်ရသလိုတောင် ဝမ်ဟောင်ခံစားနေရတယ်။ သူ့ရှေ့မှာဖြစ်ပွားနေတဲ့ထူးဆန်းတဲ့မြင်ကွင်းကို အချိန်တော်တော်ကြာစူးစမ်းကြည့်ပြီးတော့မှာ သူ့အဖွဲ့သားတွေကိုခေါ်ပြီး ကန်တင်းကပြန်ထွက်ခဲ့လိုက်တယ်။ သူတို့ရဲ့ဧည့်သည်ဆောင်ကိုပြန်သွားတာမဟုတ်ဘဲ တားရောဂြိုလ်ကိုပြန်တာဖြစ်တယ်။

“ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲ့ခွင့်ပြုချက်ကို တောင်းစရာမလိုဘူးလား?” ဝမ်ဟောင်ရဲ့အဖွဲ့သားတစ်ယောက်က မေးလာတယ်။ “ဒီတိုင်းတန်းမပြန်ဘဲနေရအောင်၊ မဟုတ်ရင် ကျွန်တော်တို့ကို အမိန့်မနာခံဘူးဆိုပြီး အပြစ်တင်…”

“အခုမထွက်သေးဘဲ ကျုပ်တို့ကို ကန်ထုတ်တဲ့အထိစောင့်မလို့လား?” ဝမ်ဟောင်ပြန်မေးလိုက်တယ်။ “ကျုပ်တို့ဒီအချိန်ထိနေနိုင်သေးတာကိုပဲ ဗိုလ်ချုပ်ကြီးရှုနဲ့ တတိယသခင်လေးကို ကျေးဇူးတင်ရမယ်.. သူသာပြန်မလာချင်ဘူးဆိုရင် ကျုပ်တို့မှာလည်းသူ့ကိုပြန်လာအောင်လုပ်နိုင်စွမ်း ဘာမှမရှိဘူး၊ သူကအခုချိန်မှာ အရင်တုန်းကလိုလူမျိုးမဟုတ်တော့ဘူး” ငွေဖြုန်းတီးလွန်းပြီး ပြဿနာရှာတဲ့နေရာမှာ အထူးကျွမ်းကျင်လှတဲ့သခင်လေးက ပြောင်းလဲသွားပြီး တခြားလူတစ်ယောက်လိုဖြစ်သွားပြီ။ သူ့မှာသာမာန်ထက်လွန်ကဲတဲ့စွမ်းရည်ရှိပြီး ကြည့်ရတာရှုယောင်နဲ့လည်း တကယ့်ကိုချစ်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးရှိပုံရတယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Dove le storie prendono vita. Scoprilo ora