အပိုင်း - ၁၀၀

14.7K 2.8K 192
                                    

{Zawgyi}

•ကိုယ်တို့အချင်းချင်း ဘယ်လိုတွေ့ခဲ့တယ်•

ပထမဆုံးအကြိမ်တည်းက ရှုယောင်က သာမန်လူတွေနဲ့မတူဘူးလို့ လဲ့ယောင်ခံစားမိတာကြောင့် သူမွေးတဲ့အချိန်တုန်းက ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပျက်ခဲ့သေးလားဆိုပြီး ဦးလေးမင်ကို မေးခဲ့တယ်။ အဲ့အချိန်တုန်းက ဦးလေးမင်က ရှုယောင်မွေးတဲ့အချိန်တုန်းက အာရုံတက်ချိန်က နောက်ကျခဲ့ပြီး ညတာက သာမန်မဟုတ်ဘဲ ရှည်ကြာခဲ့တယ်ဆိုပြီး ပြောခဲ့ဖူးတယ်။

သူသိသလောက်ဆိုရင် ဒီလိုမျိုးအဖြစ်အပျက်က နတ်ဘုရားတစ်ပါး သေမျိုးနယ်မြေကို ဆင်းသက်လာချိန်မှသာ ဖြစ်တတ်တာဖြစ်လို့ အဲ့အချိန်တုန်းက ထူးဆန်းတယ်လို့တောင် ထင်ခဲ့သေးတယ်။

အခုတော့ အဲ့တာအမှန်ပဲဆိုတာကို ယုံသွားပြီ။

ရှန်းကျွင်းတံဆိပ်ဆိုတာ ကောင်းကင်ကနတ်ဘုရားတွေသာ အပိုင်စားရနိုင်တဲ့အရာဖြစ်တယ်။ [ T/N : ရှန်း - နတ်ဘုရား၊ ကျွင်း - အုပ်စိုးသူ။ ခုနတုန်းက အနွေးသေတ္တာပေါ်က တံဆိပ်ကိုပြောနေတာပါ။ ]

"ခင်ဗျား ဘယ်သူလဲ?" လဲ့ယောင်မေးလိုက်တယ်။

"ရှုယောင်" သူက ပြုံးပြီး ဆက်ပြောတယ် "ဧကရာဇ်တျန်းတိရဲ့ အငယ်ဆုံးသားတော်" [ T/N : တျန်းတိ - ကောင်းကင်အုပ်စိုးသူ၊ ကျောက်စိမ်းဧကရာဇ်၊ အထက်ပိုင်းဖြစ်တည်မှုတွေထဲမှာ အင်အားအကြီးဆုံးနဲ့ မိုးကောင်းကင်ကို အုပ်စိုးသူ ]

ဒီအဖြေကို ကြားလိုက်ရချိန်မှာ ရုတ်တရက်ကြီး သူ့ကိုရိုက်ချင်လွန်းလို့ လဲ့ယောင်လက်တွေ ယားလာတယ်!

ပြောရမယ်ဆိုရင် သူနဲ့ရှုယောင်တို့ အပလောကမှာတွေ့တုန်းက 'ပုရှန်းရေကန်'ဆိုတဲ့နေရာမှာ တွေ့ကြတာ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် 'ပုရှန်းရေကန်'လို့နာမည်မှည့်ထားတဲ့အတိုင်း ရေကန်တစ်ခုဖြစ်နေရမှာဖြစ်ပြီး သေချာပေါက်လည်း ရေကန်တစ်ခုဟုတ်တယ်။

သို့ပေမယ့် ဒီတိုင်းရေကန်တစ်ခုတော့မဟုတ်ဘဲ အပလောကမှာ လွတ်မြောက်အောက်ထွက်နိုင်ဖို့ အခက်ခဲဆုံးဖြစ်တဲ့ 'အကျဉ်းထောင်'တစ်ခုလည်းဖြစ်တဲ့အတွက် 'အကျဉ်းထောင်ကန်'လို့လည်း ခေါ်တွင်တယ်။

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ