7 [END]

2.5K 100 4
                                    

Ti... Ti... Ti... 📱

နေယံ သွန်း ဆီသို့ဆက်တိုက်ဖုန်းခါ်နေမိသည်။ 15ကြိမ်လောက်ခေါ်ပြီးသည့်
နောက်မှာတော့ ဖုန်းကိုင်လာသည်။

"သွန်း သွန်း မင်းအခုဘယ်မှာလဲ"
ပြောနေသည့် အသံမှာ စိတ်ပူမှုတို့အထင်းသား

"စိတ်လျော့ပါအုံး ကိုနေယံရဲ့"

"မင်းဘယ်သူလဲ သွန်းရော သွန်းဘယ်မှာလဲ"

ခြူးမဲ့ပြုံးတချက်ပြုံးလိုက်ပြီး

"ငါအသံတောင်မမှတ်မိလောက်တဲ့ထိ သူ့ကို
စိတ်ပူတာလား"

"ခြူးလား မင်းခြူးမလား"

"ဟုတ်တယ် ခြူး ရှင့်ကိုသိပ်ချစ်တဲ့ ခြူး

"မင်း ဘာမဟုတ်တာတွေလျောက်လုပ်နေတာလဲ သွန်းဘယ်မှာလဲ"

"သွန်း သွန်း နင့်ပါးစပ်က အဲ့တလုံးပဲ
ထွက်တတ်တာလား စိတ်မပူပါနဲ့ နောက်ခါဘယ်တော့မှ ခေါ်ခွင့်မရအောင်ငါလုပ်ပေးမယ်"

"ခြူး မင်း သူ့ကိုမထိနဲ့ ပြော မင်းဖြစ်ချင်တာဘာလဲ"

"ဘာဖြစ်ချင်တာလဲ မေးစရာမလိုဘူး
ငါရဲ့အရာအားလုံးက နင်ပဲ နင်သာရှိရင်
အရာရာပြည့်စုံပြီ"

"ခြူး မင်းလူမဟုတ်ဘူးလား ငါမင်းကိုမချစ်ဘူးလို့ပြောပြီးပြီ‌"

"အိုကေလေ သွန်းရဲ့ အသက်ကနင့်အပေါ်မှာပဲမူတည်တယ် ဒါပဲ"

"ခနနေအုံး ခြူး ငါမင်းဆီလာခဲ့မယ် အခုဘယ်မှာလဲ"

နေယံ ကားကို အရှိန်ပြင်းစွာ မောင်းထွက်လာခဲ့သည်။

🥀🥀🥀🥀 🥀🥀🥀 🥀🥀🥀

အိမ်ရှေ့တံခါးမှ ဘဲလ်မြည်လာသည်။ နေယံ
တယောက်ထဲ ဟုတ်မဟုတ် ခြူး ပြူတင်းပေါက်ခန်းဆီကို လှပ်၍ ကြည့်လိုက်သည်။

"နင်တကယ်လာသားပဲ"

"သွန်း ဘယ်မှာလဲ" နေယံ မျက်လုံးမှ ဒေါသတို့ဖြင့် နီရဲနေသည်။

"ဘယ်သူ့ကိုမှ ကရုမစိုက်တဲ့နင်က ဒေါသ‌တွေထွက်လို့ပါလား"

"နင့်ကို သွန်းဘယ်မှာလဲလို့မေးနေတယ်"
နေယံ အသံပင်အတော်ကျယ်သွားသည်။

Because of(Completed)Where stories live. Discover now