5

1.5K 96 0
                                    

အခန်းကို ကာထားတဲ့ခန်းဆီး ထောင့်စွန်းမှ
နေရောင်ဖျဖျလေး ဖြာကျလာသည်။ နေယံ
နာရီကြည့်မိတော့ မနက် 7နာရီ၊ အိပ်ရာမှထကာ ရုံးသွားဖို့ အမြန်ပြင်ဆင်လိုက်သည်။
မနက်စာစားရန် အောက်ထပ်ဆင်းလာတော့ အရင်နေ့ကလို စားပွဲပေါ်မှာ အစာစားများက အသင့်ရှိမနေ။ သွန်း ကိုလည်းမတွေ့မိ၊ ဒီကောင်မလေး မနေ့ကတည်းကဘာဖြစ်နေတာပါလိမ့်။ အချိန်လည်း သိပ်မရှိတော့မို့ ကော်ဖီ တစ်ခွက်ကို ဖျော်ပြီး ပေါင်မုန့်နှင့် အမြန်စားကာ ကုမ္ပဏီသို့ ထွက်လာခဲ့သည်။ ကုမ္ပဏီရောက်တော့လည်း အလုပ်ထဲမှာ စိတ်မဝင်စားနိုင်၊ သွန်း အဆင်ပြေမှ ပြေပါ့မလားလို့ စိတ်ပူနေမိသည်။

........... တံခါးသံကြောင့် အတွေးစတို့ ပြတ်သွားရသည်။

"ဝင်ခဲ့"

"ဒီညနေ TALENT ကုမ္ပဏီက သူတို့ ကုန်ပစ္စည်း အသစ်မိတ်ဆတ်ပွဲအတွက် ဖိတ်ထားပါတယ် Boss"

" ညနေ ဘယ်အချိန်လောက်လဲ"

"6နာရီပါ Boss"........

🥀🥀🥀 🥀🥀🥀 🥀🥀🥀🥀

4:00 PM....

သွန်း တယောက်တည်း ပျင်းပျင်းနှင့် TV
ထိုင်ကြည့်နေတုန်း အိမ်ရှေ့ တံခါး ဘဲလ်
မြည်သံကြောင့်ထွက်ကြည့်လိုက်ရာ
ဝန်ထမ်းဝတ်စုံနှင့် အမျိုးသမီး 4ဦး၊ လက်ထဲမှာတော့ အလှပြင်ပစ္စည်းများ ၊အထုတ်များနှင့်...

"အမ က သွန်းဒေဝီ လားရှင့်"

"ဟုတ်..ဟုတ်ပါတယ်"

"CEOနေယံက ဒီနေ့ ညစာစားပွဲအတွက်
အမကို ပြင်ဆင်ပြီး ခေါ်လာဖို့
မှာထားလို့ပါရှင့်"

"ဪ...ဟုတ်" သွန်းစိတ်ထဲမှာတော့ လူကိုတောင်မပြောဘူး သူ့စိတ်နှင့်သူ။
သွန်း ကိုတိုက်ရိုက်ပြောလျှင် ငြင်းမိမှာအမှန်ပင်၊အခုတော့ ရောက်နေပြီဖြစ်သော
ဝန်ထမ်း‌တွေကို အားနာ၍သာ....

5:00PM...
နေယံ ကုမ္ပဏီရှေ့မှာ အသင့်စောင့်နေလိုက်သည်။ ခနကြာတော့ ကားတစ်စီးရပ်လာသည်။ ကားပေါ်မှ သွန်း ဆင်းလာသည်အဖြူရောင်ဒူးဖုံးဂါဝန်လေး အပေါ်မှ ပွင့်ဖတ်အဝါလေးများ၊ ပုံမှန် ချထားနေကြ
ဆံပင်ရှည်လေးကို ထုံးဖွဲ့ထားပြီး ဒေါက်ဖိနပ် အဝါလေးနှင့်....

Because of(Completed)Where stories live. Discover now