4

1.4K 101 0
                                    

နေယံ ကုမ္ပဏီထဲသို့ ဝင်လိုက်သည်နှင့်
တီးတိုးပြောသံများ မယုံတဝက် ယုံတဝက်နှင့် ကြည့်နေကြသူများ ထို့ကြောင့်

"မင်းတို့ ဘာဖြစ်နေကြတာလဲ"

"ဘာ... ဘာမှမဖြစ်ကြပါဘူး" အားလုံးကတပြေးညီတည်း ဖြေကြပေမယ့် အနည်းငယ် ပြောရဲဆိုရဲရှိတဲ့ ဝန်ထမ်းတဦးမှ

"ဟိုလေ Bossလက်ထပ်လိုက်ပြီဆို"

"ဟုတ်တယ်လေ " ဟု နေယံပြောပြီး
ရုံးခန်းသို့ ဦးတည်လာခဲ့သည်။ ဝန်ထမ်းများမှာ တအံ့တဩ ကျန်ရစ်ခဲ့ကြသည်။

ရုံးခန်းထဲမှာတော့ ဦးကောင်းထက်... ခြူး၏ ဖခင်

"မင်းလာပြီလား"

"ဟုတ်ကဲ့ ဦးလေး ဘာကိစ္စရှိလို့လဲ"

"သမီး ဆီက ကြားတယ် မင်းလက်ထပ်တော့မလို့ဆို"

"ဟုတ်ပါတယ် ဦးလေး"

"ငါ့သမီးက မင်းအပေါ်မှာ ဒီလောက်သံယောဇဉ်ရှိတာကို မင်းမို့လို့လုပ်ရက်တယ်"

"ကျွန်တော်တောင်းပန်ပါတယ်"

"မင်းတို့လက်မထပ်ရသေးဘူးမလား
ပြန်စဉ်းစားပါအုံးလား"

"ကျွန်တော် ပြန်စဉ်းစားစရာမလိုအောင် သေချာပါပြီ သူ့ကိုပဲလက်ထပ်မှာပါ"

ဦးကောင်းထက် သက်ပြင်းချလိုက်သည်။

"ဟုတ်ပါပြီကွာ ငါပြန်တော့မယ်"

"ဟုတ်ကဲ့ ဦးလေး ကောင်းကောင်းပြန်ပါ"

🥀🥀🥀🥀 🥀🥀🥀 🥀🥀🥀
အိမ်မှာတော့ သွန်း တယောက်အလုပ်‌တွေရှုပ်နေသည်။ အိမ်သန့်ရှင်းရေး လုပ်နေရင်း
နေယံ အခန်းကိုလည်း ရှင်းပေးဖို့ စိတ်ကူးဝင်လာသည်။ နေယံ အခန်းကိုရှင်းနေရင်းအိပ်ရာဘေးမှ ဗီဒိုငယ်‌လေးတခုပေါ်မှ ဓာတ်ပုံလေးတခုကို သွန်း မြင်လိုက်သည်။
သိချင်စိတ်ကြောင့် သွားယူကြည့်မိသောအခါ ဓာတ်ပုံထဲက အသက်10နှစ်ရွယ်ကောင်မလေးက ဘေးမှ ကောင်လေးလက်ကို ကိုင်ထားသည်။ သွားဖြူဖြူလေးတွေ ပုံအောင်ပြုံးနေပုံရရင် အတော်လေးပျော်နေတာကို မှန်းဆနိုင်သည်။
ကောင်လေးက အရယ်အပြုံးမဲ့စွာ ကင်မရာကို ကြည့်နေသည်။ ထိုကောင်လေးက နေယံ ဖြစ်လိမ့်မည်။ ဒါဆို ကောင်မလေးကရော ဟိုနေ့က တွေ့တဲ့ အမများလား...
နေယံ ကသူ့ကိုတော်တော်ခင်ပုံရတယ် ဓာတ်ပုံကို ဒီလိုထားထားတာဆိုတော့
အို ဘာဖြစ်ဖြစ် သွန်း နဲ့ဘာဆိုင်တာကျလို့ ဟုတွေးပြီး သွန်း ဓာတ်ပုံကိုပြန်ထားလိုက်သည်။ ရင်ထဲမှာ အမျိုးအမည်မသိသော ခံစားချက် တမျိုးဝင်လာတာကိုတော့သတိထားမိလိုက်သည်။ လူတွေက ထိုခံစားချက်ကို သဝန်တိုတယ်လို့
အမည်နာမ ပြုကြမယ်ထင်.....

Because of(Completed)Tahanan ng mga kuwento. Tumuklas ngayon