Zawgyi
"ဘာာာာာာာာာာ!!!!!!!!!!!!!
ကင်မ်ထယ်ယောင်း!!!
မင်းဘာပြောလိုက်တယ်!!!"ထယ်ယောင်းစကားအပြီး မျက်လုံးပြူး မျက်ဆံပြူးနဲ့ အော်ချလိုက်သောဂျီမင်းကြောင့်
လမ်းပေါ်ကလူများမှာ ကွက်ကြည့်ကွက်ကြည့်။ယွန်းဂီမှာလည်းထယ်ယောင်းပြောလိုက်သော
စကားကြောင့် သွေးများ ပြောင်းပြန်စီးသွားသလိုပင်...။"မင်းကြားလိုက်တဲ့အတိုင်းပဲ..
တော်ပြီဂျီမင်းရာ...ငါစိတ်ရှုပ်နေတယ်....""ထယ်ယောင်းကိုဟျောင်းကအတန်တန်
ပြောထားရက်နဲ့ဘာလို့ဒီလိုတွေ
ဂျောင်ကုကိုသွားပြောတာလဲ!!!!!""ဟာ!ယွန်းဂီဟျောင်းကပါ ဘာဖြစ်နေတာလဲ...
ကျနော်ပြောသင့်တာပြောတာလေဗျာ...
အဲ့လူဂျွန်ဂျောင်ကုရဲ့အိမ်မှာ
မနေနိုင်လို့အလုပ်ထွက်မယ်လို့
ပြောလိုက်တာကိုအဲ့လူကကျနော့်ကိုအဲ့လိုတွေပြောလွှတ်လိုက်တော့
ကျနော်လည်းပြန်ပြောလိုက်ရတာလေ....
ကျနော်ဘာများမှားသွားလို့လဲ...."ထယ်ယောင်းသာ
ဂရုမစိုက်သောလေသံနဲ့ပြောနေပေမယ့်
ယွန်းဂီရောဂျီမင်းမှာတော့စိတ်မအေးနိုင်ပါ...။ထယ်ယောင်းသည် နတ်ဆိုးကိုမှ
ရန်သွားစခဲ့သည်လေ...။ဂျောင်ကုအကြောင်းကိုယွန်းဂီသည်အသိဆုံးပင်။
မဖြစ်ဖြစ်အောင်လုပ်တတ်သည့်
့်ဂျောင်ကု အကြောင်းကို
ယွန်းဂီ ကောင်းကောင်းသိပါသည်။"ထယ်ယောင်းက ဘာလို့ဂျောင်ကုပြောတာကို
လက်မခံလိုက်တာလဲ.....အနည်းဆုံးတော့
ကန့်လန့်မတိုက်ခဲ့ဘဲနဲ့အလိုက်သင့်ပြောပေး
ခဲ့ရမှာလေ......ခုလိုဂျောင်ကုကိုပြောခဲ့တာက
ထယ်ယောင်းသိပ်မှားတယ်.....
ခုဂျောင်ကုရဲ့စကားကိုဆန့်ကျင်မိလိုက်ပြီ"ယွန်းဂီမှာ စိတ်ညစ်နေဟန်ဖြင့်
ထယ်ယောင်းကို ပြောဆိုလိုက်တော့
ဂျီမင်းက ပါဝင်ထောက်ခံသည်။
DU LIEST GERADE
Bitter Sweet Coffee [Completed] ✔