Ep[35] what happen

2.8K 249 39
                                    

Uni
"မင်း-မင်းဘာလုပ်တာလဲ! အခုချက်ချင်း အောက်ပြန်ဆင်း!!!''

"ဟင့်အင်းးး!!!!ကြောက်တယ်!!!!!!"

ငိုသံကြီးဖြင့် ပြဲလန်အောင် အော်ထည့်လိုက်သော ကင်မ်ထယ်ယောင်းကြောင့် ဂျွန်ဂျောင်ကုမှာ နားပင်းလုနီးနီး ။

"ငါစကားကို နှစ်ခါမပြောဘူး..."

"မပြောလည်း နေပေါ့!!!!!!အီးဟီးးး"

ပြောပြီးသည်နှင့် အော်သာ ငို​ေနသော ကင်မ်ထယ်ယောင်းကြောင့် ေဂျာင်ကု စိတ်မဆိုးမိတော့ဘဲ စနောက်မိလိုက်သောကြောင့် နောင်တသာရမိသည်။

အခု မိမိအား ​ကိုအာလာတစ်ကောင်ပမာ အတင်းအကြပ် ဖက်တွယ်ထားပြီး အောက်သို့ မဆင်းတော့သော ကင်မ်ထယ်ယောင်းကြောင့်
ဂျောင်ကုတစ်ယောက် အကြပ်ရိုက်လျက်ရှိသည်။

ဆိုးတာက ပြောစကားကို နားမထောင်ဘဲ အသံပြဲကြီးနဲ့ စွတ်ငိုနေတာ။

ဘယ်လိုတောင် ခေါင်းမာချက်။

"အဟမ်း...ဖားပြုပ်က မရှိဘူး...."

"ဒါဆို ဖား-ဖားပြုပ်က ခေါင်း-ခေါင်းပေါ်က ဆင်း-ဆင်းသွားပြီလား !!!!!!!!"

"အစကတည်းကကို မရှိတာ......"

ဂျောင်ကုစကားကြောင့် ထယ်ယောင်းမှာ ေကြာင်တောင်တောင်ပင် ဖြစ်သွားကာ ထွက်နေသော မျက်ရည်များပါ အလိုလို ပြန်ဝင်သွားသလို။

"ဘယ်လို..... "

ကြောင်စီစီမျက်ဝန်းများဖြင့် ​ေဂျာင်ကုအား
ကြည့်လိုက်ရင်း မေးလိုက်သော ကင်မ်ထယ်ယောင်း ။

"မင်းကို အမြင်ကတ်လို့ တမင်ပြောတာ ရှင်းပြီလား ! အခုငါ့ပေါ်က ဆင်းတော့ ! "

ဂျောင်ကု စကားများကြောင့် ထယ်ယောင်း တရှူးရှူးဖြင့်
ဒေါသများမှာ ထောင်းခနဲ ထလာသည်။

ခုနက မိမိမှာဖြင့် ရူးမတတ် ကြောက်လိုက်ရတာ .... ဘာတဲ့ မစာမနာ... အ​မြင်ကတ်လို့ တမင်ပြောတာ????

ဒီဂျွန်ဂျောင်ကုက သူမကြောက်တိုင်း သူများကို စနောက်တာ ကောင်းတယ်များ ထင်နေတာလား!!!

"ရားးးဂျွန်ဂျောင်ကု!!မင်း-မင်းတော်တော် မကောင်းတာပဲ!!!'အကျင့်ပုတ်!!စိတ်ပုပ်!!ငါ့မှာကတော့ အတည်ထင်ပြီး သေအောင် ကြောက်လိုက်ရတာ! !!!!!!!''

Bitter Sweet Coffee [Completed] ✔Where stories live. Discover now