Ep[4] Dare

5.2K 486 25
                                    

Uni

ကျယ်ပြောခမ်းနားလှသော ဧည့်ခန်းထဲတွင်
ကြီးမာနူးည့ံဇိမ်ရှိလှသော ဆိုဖာပေါ်၌
ဂျီမင်းရော၊ထယ်ယောင်းပါ ဂျွန်ဂျောင်ကုနဲ့ တွေ့ရဖို့အရေးကို
တူတူ ထိုင်စောင့်နေကြသည်မှာ..
၃နာရီကြာလှပြီဖြစ်သည်။...။

"ဂျီမင်း.......
ငါတော်တော်စိတ်မရှည်တော့ဘူး....."

စိတ်မရှည်စွာဖြစ်နေသော
ထယ်ယောင်းကို ကြည့်ကာ ဂျီမင်းမှာစိတ်ညစ်ရုံမှတပါးမရှိ...။

သည်းခံဟူ၍သာ ပြောနေရသည်မှာလည်း
အခေါက်ပေါင်းမနည်းတော့ချေ...။

ဂျွန်ဂျောင်ကု!!မင်းက ဘာမို့လို့ငါတို့ကို
စောင့်ခိုင်းထားရတာလဲဟု အော်ကြီးဟစ်ကျယ်
ပြောပြီးထရန်ရှာလို့လည်းမဖြစ်ပြန်။

ထရန်ရှာလိုက်လို့ ဂျောင်ကုအိမ်အတွင်းမှာပဲ
အသက်ပျောက်သွားမှဖြင့်ဒုက္ခ...ဟူ၍
အတွေးပေါင်းသောင်းခြောက်ထောင်
တွေးနေသော ဂျီမင်းရယ်ပါ...။

"ယွန်းဂီဟျောင်းကို ဖုန်းဆက်တာ
ဖုန်းလည်းမကိုင်ဘူး ထယ်ယောင်းဂီ.....
ခဏလောက်စောင့်ဆ်ိုပြီးပြောခဲ့ပြီးတော့
ခုသုံးနာရီလောက် ကြာနေပီ......"

ခုလို ဂျောင်ကုလိုလူမျိုးကို တွေ့ခွင့်ရသည်တောင်
ကံကောင်းသည်ဟုဆိုရမည်။ တချို့လူတွေဆို
တွေ့ချင်သော်လည်း တွေ့ခွင့်မရကြသည်မှာ
အမြောက်အမြားရှိသည်ဆိုတာ ဂျီမင်းကောင်းကောင်း နားလည်သည်။ ဂျောင်ကုသည် နာမည်ကြီး၍ ကျော်ကြားသော စီးပွားရေးသမားတစ်ယောက်ပင်မို့ တွေ့ဖို့အရေးကို ယခုလိုအချိန်ကြာစောင့်ရသည်မှာလည်း မဆန်းပေ ဟုဂျီမင်း အကောင်းဘက်ကသာ တွေးလိုက်ရင်း သက်ပြင်းချမိသည်။

"ငါ့မှာတခြားအလုပ်တွေရှိသေးတယ်
်ဂျီမင်းရာ..ကော်ဖီလေးတစ်ခွက် ဖျော်ခွင့်ရဖို့အရေး
ဒီမှာပဲအချိန်ကုန်နေပြီး
ထိုင်စောင့်နေလို့မဖြစ်ဘူး..

အဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ကောင်က ဘာမို့လို့
ငါတို့ကို အတွင်းမဝင်ခိုင်းဘဲ
ခုလိုကြီး ထိုင်စောင့်ခိုင်းထားရတာလဲ!!!"

ထယ်ယောင်းစကားအပြီးမှာ ဂျီမင်း
တစ်ယောက်ကိုယ့်ကိုယ်ကို
သတ်သေချင်စိတ်များ
ပေါက်သွားရသည်။

Bitter Sweet Coffee [Completed] ✔Tahanan ng mga kuwento. Tumuklas ngayon