နေမင်းကြီးဆီ တစ်ဟုန်ထိုးပြေးဝင်သွားသည့်အလား သူလက်နှစ်ဖက်ဆန့်ပြီး၊ကုဖေးဆီသို့လွင့်လာသည့် အခိုက်တွင် ကုဖေး၏မျက်နှာသည် မှင်သက်နေလျှက်ရှိသည်။

ကျန်ချန် ကုဖေးကိုဝင်ပြီးတိုက်မိသွားချိန်တွင် 'ဘန်းခနဲ'အသံမြည်ဟည်းလာသည်။ လူတစ်ယောက်၏ကိုယ်အလေးချိန်သည်သစ်ပင်နှင့် ရိုက်မိလျှင်အသံမြည်တတ်ကြောင်း သူသိပြီးပြီဖြစ်၏။ယခု, လူတစ်ယောက်သည် အခြားလူတစ်ယောက်ကိုဝင်တိုက်မိသည့်ချိန်တွင်၌ ထိုကဲ့သို့အသံကြီးမြည်ကြောင်းထပ်ပြီးသိခွင့်ရခဲ့သည်။

သူ့နဖူးသည် ကုဖေး၏ညှပ်ရိုးနှင့်ခိုက်မိသွားပြီး သူ့ နှုတ်ခမ်းက ပစ္စည်းတစ်ခုခုနှင့်ထိကပ်နေ၏။ သူ့သွားများသည် အကျီဇစ်ခေါင်းကိုကိုက်မိသွားပုံရသည်။ နောက်ပိုင်း ဘာဆက်ဖြစ်မှန်း ကျန်ချန် သဲသဲကွဲကွဲ မသိတော့ချေ။သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီတိုင်း ကုဖေး၏ကိုယ်ပေါ်သို့ အနှေးပြကွက်တစ်ခုလိုမျိုးပြုတ်ကျသွားခဲ့သည်ကို သူ မှတ်မိ၏။

သူ ကုဖေးကိုဝင်တိုက်မိချိန်တွင် ကုဖေးသည် နောက်ဆုတ်ဖို့ရန်အချိန်မရလိုက်ချေ။ကုဖေး
ကလူသွားလမ်းပလက်ဖောင်းတွင်နောက်ပြန်လဲကျသွားပြီး အမြင်အာရုံထဲမှာ ကောင်းကင်တစ်ခုတည်း မြင်ရ၏။ ထို့နောက် ကျန်ချန်က သူ့ပေါ်သို့ထပ်လျက်သားလဲကျလာခဲ့သည်။

သူတို့နှစ်ယောက်လုံးလဲကျသွားသည့်အချိန်တွင် နာ,မနာ ကျန်ချန် မစဉ်းစားနိုင်သေးဘူး။ သူ ပလက်ဖောင်းပေါ် ပြုတ်ကျလာပေမယ့်၊ ကုဖေးသည် ဆိုဖာကူရှင်သဖွယ် သူ့အောက်မှာခံနေ၍ နာကျင်မှုကို မခံစားရပေ။

သူ ပလက်ဖောင်ပေါ်ပြုတ်ကျလာသည့်အခါ
သူ့ဘေးပတ်ပတ်လည်တွင် နှင်းမုန်တိုင်း ပျံဝဲသွားသည်ဟု ထင်ယောင်ထင်မှားဖြစ်နေ၏။စက္ကန့်အနည်းငယ်ကြာသည့်အခါ၊သူ့အတွေး
သည် စိတ်ကူးယဉ်သက်သက်မှန်း ကျန်ချန်
နားလည်လိုက်သည်။ ကုဖေး၏အောက်တွင် လူသွားလမ်းပလက်ဖောင်းကလွဲ၍ ဘာနှင်းမှုန်နှင်းစမှမရှိဘူးဖြစ်သည်။

ကုဖေး၏ "ဖာ့ခ်" ဆိုသည့်ခပ်တိုးတိုးအသံကိုကြားလိုက်ရချိန်တွင် ကျန်ချန်၏အာရုံတွေက လက်တွေ့ဘဝသို့ပြန်ရောက်၏။ သူ ဒဏ်ရာမရထားသည့် လက်ကိုအားပြုပြီး ကုဖေးကိုယ်ပေါ်မှ ထဖို့ကြိုးစားလိုက်တယ်။
"တောင်းပန်ပါတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now