A shocking reverse

11.1K 741 17
                                    

Episode (5)

ဘာရယ်ကြောင့်မှန်းမသိ .. ညတုန်းက 1နာရီကျော်မှအိပ်ရာဝင်ခဲ့ပေမယ့် သူ ဒီနေ့တော့ စောစောစီးစီး အိပ်ရာကထလာမိတယ်။ စောစောစီးစီးဆိုတာလည်း အမှန်တော့ 7နာရီထိုးလုနီးပါးဖြစ်နေပါပြီ။ ခါတိုင်း 8နာရီ 15 လောက်မှအိပ်ရာကထ ရေမျိုးချိုးပြင်ဆင်ပြီး 9နာရီထိုးခါမှ အိမ်ကထွက်တာဆိုတော့ ...

အမှန်အတိုင်းပြောရရင် ညကလည်း ကောင်းကောင်းအိပ်ပျော်တာမဟုတ်ပဲနဲ့။ အိပ်ရာထဲဟိုဟိုသည်သည် လျှောက်လှိမ့်ရင်း ကျုံ့ကျုံ့လေးထိုင်ပြီး ငိုနေတဲ့ Do Soo ကိုပဲ တစ်ချိန်လုံး မျက်စိထဲမြင်နေမိတာ။ သူ့စိတ်ထဲ ကိုယ့်ကိုကိုယ် ရူးများသွားပြီလားလို့တောင်ထင်လိုက်မိပါရဲ့။

အခုလည်း အိပ်ရာကနိုးနိုးချင်း ခါတိုင်းလိုမျက်နှာတောင်ဝင်မသစ်နိုင်သေးဘဲ မီးဖိုထဲတန်းဝင်လာလိုက်မိတယ်။ ဒီအချိန်ဆို Do Soo တစ်ယောက် ခါတိုင်းလိုပဲ သူက စားလားမစားလားတောင်မသေချာတဲ့ မနက်စာကို ပြင်နေဦးမှာပေါ့။

မနက်တိုင်းလိုလို သူ စားစားမစားစား မနက်ရုံးသွားဖို့ပြင်ဆင်ပြီးလို့ အခန်းထဲကထွက်လာတာနဲ့ ထမင်းစားပွဲပေါ်မှာ ကော်ဖီတစ်ခွက်နဲ့ မနက်စာတစ်မျိုးမျိုးကတော့ အမြဲရှိနေတတ်ခဲ့တာ။ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေလည်း သူ စိတ်ကြည်နေရင်တော့ ထမင်းစားပွဲမှာကျကျနနဝင်ထိုင်ပြီး သူ့အတွက်ပြင်ပေးထားတာတွေကို စားတတ်ပါတယ်။ အဲ့လိုနေ့မျိုးဆို Do Soo တစ်ယောက် မျက်လုံးလေးကလယ်ကလယ်နဲ့ သူ မနက်စာစားနေတာကို မသိမသာလေး လှမ်းကြည့်နေတတ်တာ။

ပြောချင်တာက Do Soo က သူ့အတွက်တော့ အမည်ခံမိန်းမသက်သက်ဆိုပေမယ့် မိန်းမတစ်ယောက်ရဲ့တာဝန်၊ အိမ်ရှင်မတစ်ယောက်ရဲ့ ဝတ္တရားတွေကိုတော့ မလစ်ဟင်းခဲ့ဘူးရယ်လို့ပါ။

တစ်ခါတစ်လေတော့လည်း မစဉ်းစားမိတာမဟုတ် .. စဉ်းစားကြည့်ခဲ့ဖူးပါတယ်။ သူ့လုပ်ရပ်တွေကများ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Do Soo အပေါ် အတော်လေးလွန်ရာကျနေပြီလားလို့ ... ဒါပေမယ့် Do Soo .. ဒီမိန်းမကြောင့် သူ့စိတ်ကူးအိမ်မက်ကလေးတွေ တစစီပြိုကွဲခဲ့ရတာကို စဉ်းစားမိရင် .....

Love Strategy {Kaisoo vers}Where stories live. Discover now