Did he change a bit?

21.8K 866 11
                                    

Episode (1)

Soo တစ်ယောက် ဝတ္ထုစာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီးဖတ်နေရင်းကနေ မျက်ရိုးတွေကိုက်လာပြီး မျက်ရည်ပူတွေပါကျလာတာကြောင့် စာအုပ်ကလေးအသာပြန်ပိတ်ပြီး လက်က လက်ပတ်နာရီလေးကို တစ်ချက်ကြည့်လိုက်တယ်။

*1 နာရီတောင်ခွဲနေပြီ*

စိတ်ထဲကတွေးရင်း Sofa ပေါ်ကကျော်ပြီး တံခါးဝကိုလှည့်ကြည့်လိုက်မိတယ်။

*ခုထိ သူ ပြန်မလာသေးဘူးလား*

စိတ်ပူပေမယ့်လည်း ဖုန်းတော့မဆက်ဖြစ်၊ ခါတိုင်းလည်း နောက်ကျတယ်ဆိုပေမယ့် ဒီအချိန်ထိတော့ သူက အပြင်မှာနေတတ်တဲ့သူမဟုတ်မှန်းသိနေတာကြောင့် Soo တစ်ယောက် လည်တရှည်ရှည်နဲ့ဖြစ်နေမိတာပါ။ နာရီဝက်လောက်ကြာတော့ မနေနိုင်တော့တာနဲ့ ဖုန်းတော့ ဆက်ဖြစ်အောင်ဆက်လိုက်ဦးမှလို့တွေးပြီး contact list ထဲက Yeobo ဆိုတဲ့ နာမည်လေးကိုနှိပ်ချလိုက်တယ်။ ချက်ချင်းပဲ Screen ပေါ် ပေါ်လာတဲ့ သူ့မျက်နှာဆူဆူပုပ်ပုပ်လေးကို မြင်မိပြန်တော့ ခုနက ဖုန်းဆက်မလို့တွေးထားတဲ့ စိတ်ကူးတွေလည်း ကြက်ပျောက်ငှက်ပျောက်ကိုဖြစ်လို့။

*ကိုယ့်ယောကျာ်းကိုယ် ဖုန်းဆက်ဖို့ ဒီလောက်ထိ သတ္တိတွေမွေးနေရတာလည်း မဟုတ်သေးပါဘူးဟယ်*

နောက်ဆုံးတော့ ပျော့ညံ့လွန်းတဲ့ကိုယ့်ကိုကိုယ်ပဲ Soo အပြစ်ဖို့ရင်း ဖုန်းလေးပြန်ပိတ်ပြီး ခပ်လှမ်းလှမ်းက Sofa ခုံပုလေးပေါ်ပဲ ပစ်တင်ထားလိုက်တော့တယ်

အေးရော...

Sofa ပေါ်မှာပဲ Soo တစ်ရေးလောက်မှေးခနဲဖြစ်ပြီး ပြန်နိုးလာတော့ အချိန်က 2နာရီတောင်ခွဲပြီးနေပြီ။ ခုထိ Jongin ရဲ့ အရိပ်လေးတောင်မတွေ့ရသေး။ တိုက်ခန်းကြီးတစ်ခုလုံးလည်း တစ်ချက်တစ်ချက်ထွက်လာတဲ့ အိမ်မြှောင်စုတ်ထိုးသံကလွဲရင် ခြောက်ခြားစရာကောင်းလောက်အောင်ကိုတိတ်ဆိတ်လို့။ Soo သက်ပြင်းလေးချရင်း Apartment ကြီးတစ်ခုလုံးကို ခေါင်းလေး ဟိုဘက်သည်ဘက်အသာလှည့်ရင်း ကြည့်လိုက်တယ်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ တိုက်ခန်းကြီးမှာနေရတယ်ဆိုပေမယ့်လည်း Soo မပျော်မိ။ တခြားမိန်းမတွေအထင်ကြီးအားကျနေသလို Soo ရဲ့ဘဝက အမြဲတမ်းပျော်ရွှင်စရာတွေအတိနဲ့ ပြည့်နှက်နေတာမျိုးမဟုတ်ခဲ့ဘူးဆိုတာ .....

Love Strategy {Kaisoo vers}Where stories live. Discover now