အစီအစဉ်ချပြီးသည်နှင့် ကိုကို့ဆီသွားဖို့ပြင်ရတော့သည်။ အစက ပေါ့ပေါ့ပါးပါး ဝတ်သွားဖို့ စဉ်းစားသေးပေမဲ့ ရီရှင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာတော့ ဂျွန်မြောင့်ကို အထင်မသေးစေချင်၍ ချောင်ထဲထိုးထားသော suitကို မနည်းရှာရသေးသည်။ မတော်လို့ ရီရှင်းရဲ့ အနာဂတ်ရည်းစားလောင်းက ရင့်ကျက်ပုံမပေါ်သေးဟုဆိုပါက ရီရှင်းပင် နစ်နာရမည်လေ။
မှန်ရှေ့တွင် တစ်နာရီလောက် အချိန်ဖြုန်းကာ ပြင်ဆင်ပြီးမှ ဂျွန်မြောင် အိမ်က ထွက်နိုင်တော့သည်။ ဘယ်လိုပဲ ရီရှင်းက မမှတ်မိနိုင်ဘူးဆိုဆို first impression မှာတင် အဖြေပြန်ရဖို့ ကြိုးစားရမည်က ဂျွန်မြောင့်တာဝန်သာ..။
အခန်းထဲက ထွက်လာတော့ အခုမှ ဈေးက ပြန်လာပုံရသည့် မေမေက ဂျွန်မြောင့်ကို တအံ့တသြကြည့်သည်။ မနေ့ကပင် အခန်းထဲ အောင်းနေပြီး အခုမှ ရုတ်တရက် အပြင်သွားသော ဂျွန်မြောင့်ကို မေမေက ထူးဆန်းတယ်ဟု ထင်နေလောက်ပေမဲ့ ဂျွန်မြောင်ကတော့ နောက်မှ ရှင်းပြဖို့သာ ဆုံးဖြတ်လိုက်သည်။ ပြင်တာဆင်တာနဲ့တင် အချိန်အများကြီး ကုန်သွားသောကြောင့် နေ့လယ်စာစားချိန်အမှီ ရီရှင်းတို့ဆီရောက်ရန် အခုချိန်ထွက်မှသာ ရမည်လေ..။
အိမ်အပြင်ရောက်မှ ကားမရှိသေးတာကို သတိရသည်။ Taxiငှားဖို့အချိန်ကုန်သည့်အပြင် ကားပါပိတ်နေသေးတာမို့ ဂျွန်မြောင့်မှာ ဆင်းပြေးဖို့ပင် စဉ်းစားမိသေးသည်။
ရီရှင်းနဲ့ တွေ့ရဖို့က တကယ်ခက်တာပဲ..။
πထက်တောင် ပိုရှည်ဦးမည့် ကားတန်းကြီးကိုကြည့်ရင်း ရီရှင်းနဲ့တွေ့ပါက တစ်ခါတည်း အမူးတိုက်ပြီး ကားတင်ပြေးဖို့ တွေးမိသေးသည်။ ရီရှင်းက မူးလာလျှင်တော့ ဂျွန်မြောင် ဘာပြောပြောလုပ်သည့်အတွက် ဒီလိုနည်းက ပိုအဆင်ပြေမည်လေ..။
တွေးရင်းငေးရင်းနဲ့ ကိုကို့companyရှေ့ရောက်လာသည်။ ဂျွန်မြောင်ဝင်သွားတော့ လုံခြုံရေးဦးလေးကြီးက နှုတ်ဆက်နေသေး၍ ပြန်နှုတ်ဆက်ရသေးသည်။
လုံခြုံရေးဦးလေးကြီးတင်မက မြင်သမျှလူက နှုတ်ဆက်နေ၍ ဂျွန်မြောင့်မှာ မနေတတ်တော့.. မှတ်မိသလောက်ကတော့ ကိုကို့companyကို ဂျွန်မြောင်မရောက်ဖူးတာသေချာသည်။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြန်...