ဒီနေ့တော့ ဂျွန်မြောင် အစောကြီးနိုးလာခဲ့သည်။
သေချာတာပေါ့...ဂျွန်မြောင့်ဘာသာနိုးလာခြင်းတော့ မဟုတ်။ အထက်တန်း ပထမနှစ်တုန်းက ဂျွန်မြောင် တွဲခဲ့သည့် ရည်းစားဟောင်းက ဖုန်းဆက်၍ နိုးလာခြင်းသာ။လက်ရှိဂျွန်မြောင်ရောက်နေသည်က ၂၀၀၅ ခုနှစ် ဂျူလိုင်လ ဆယ်ရက်..။
တနင်္ဂနွေနေ့ဖြစ်သလို သူနှင့် အွန်းဟယ်တို့ ပထမဆုံး တွေ့ဆုံရန် ချိန်းဆိုသည့်နေ့လည်းဖြစ်သည်။
အရင်ဂျွန်မြောင်သာဆိုရင်တော့ မနက်၆နာရီလောက်ထဲက ထကာ ကော်ဖီဆိုင်ကို တစ်နာရီလောက် စောရောက်နေမှာ အသေအချာ။ ပန်းတစ်ပွင့်နှင့်အတူ "အစ်ကို့ကိုသတိရပေးနော်" ဘာညာပင် ရေး၍ပေးမိဦးမည်ထင်သည်။
အခုဂျွန်မြောင်ကတော့ ရီရှင်းကိုသာ လိုတော့သည်မို့ ကော်ဖီဆိုင်အစား အင်ချွန်းကိုသွားရန် ဆုံးဖြတ်လိုက်သည်။ အွန်းဟယ်ကိုတော့ နေမကောင်းဟု အကြောင်းပြချက်ပေးလိုက်သည်။ အတိတ်ဘဝက လုံလုံလောက်လောက် ဂရုစိုက်ပေးခဲ့သည်မို့ ရီရှင်းဆီသွားသည်မှာ မလွန်ဟု ဂျွန်မြောင်ထင်သည်။
အင်ချွန်းကိုရောက်တော့ နေ့လည်စာစားချိန်ပင် ကျော်နေပြီ။ ရှင်းဖိုဈေးကိုဝင်ကာ ရီရှင်းအတွက် ငါးပေါင်မုန့်ဝယ်ပြီးချိန်တွင်တော့ နှစ်နာရီပင် ထိုးလုပြီဖြစ်သည်။ ငါးပေါင်မုန့်များ မအေးခင် ရီရှင်းဆီသွားရန် ကြံပြီးကာမှ ဂျွန်မြောင် သတိရသည်။
ရီရှင်းက ဘယ်မှာနေတာလဲ...?
အရင် ရီရှင်းက သွားရလွယ်အောင်ဆိုပြီး ဆိုးလ်မှာပဲ တိုက်ခန်းငှါးနေတာလေ
အခု ရီရှင်းက ဘယ်မှာနေတာလဲ...?အရင်ကတည်းက ယောက္ခမများဆီသို့ သွားကာ မျက်နှာချိုသွေးခဲ့သင့်သည်ဟု ဂျွန်မြောင်နောင်တ ရလာခဲ့သည်။ အခုတော့ အိမ်လိပ်စာပင်မသိ၍ ဒုက္ခရောက်နေပြီမဟုတ်လား..။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြန်...