ချင်လွင်.....

"ယွန်းဂီ ငါဒီမှာ"

ဆိုင်ထဲဝင်လိုက်​တော့ဆိုင်ရဲ့​ထောင့်လေးနားမှာထိုင်​နေတဲ့ဟာ​ယောင်းကလှမ်း​ခေါ်တာ​ကြောင့်သူ့​ရှေ့ကခုံမှာထိုင်လိုက်တယ်။

"​ပြော​တော်မူ ဘာကိစ္စ"

"ယွန်းဂီ ငါအလုပ်လုပ်ချင်လို့ အဲ့တာနင်တို့ဆီမှာအလုပ်​လေးများရနိုင်မလားလို့"

"ဘာ နင်ဘာအရူးထရပြန်တာလဲအလုပ်လုပ်ချင်ရင်နင့်အ​ဖေဆီမှာလုပ်​လေ"

"အာ ငါအ​ဖေ့ဆီမှာမလုပ်ချင်ဘူး"

"နင်ကနင့်အ​ဖေဆီမှာမလုပ်ချင်တာလား နင့်က​အ​ဖေကလုပ်ခွင့်မ​ပေးတာလား"

"ငါ့အ​ဖေကဘာလို့လုပ်ခွင့်မ​ပေးရမှာလဲ"

"သူတည်​ထောင်ထားတဲ့companyကြီး​နင့်လက်ထဲ​ရောက်မှ ​ဒေဝါလီခံမှာဆိုးလို့"

"ရားးး မင်ယွန်းဂီ နင်..."

သည်းခံသည်းခံ ဂန်ဟာ​ယောင်းစိတ်​လျှော့ ​ခွေး​ကောင်မင်ယွန်းဂီအရင်စိတ်နဲ့ဆိုနင်နဲ့ငါရန်ဖြစ်ပြီးပြီ

ထိုသို့သည်းခံရသည့်အ​ကြောင်းအရင်းမှာ
လွန်ခဲ့တဲ့တစ်ရက်ကစသည်........

Knock knock

"ဟို​ဆော့ ငါဟာ​ယောင်း"

"ဟာ​ယောင်းဝင်လာခဲ့​လေ လာထိုင် ဘယ်ကဘယ်လိုရွာလည်လာတာလဲ ​ပြော"

"ဘယ်ကရွာလည်ရမှာလဲ နင်ဆီတမင်လာတာငါပျင်းလို့"

"​အော် ​အေးပါ အလုပ်လုပ်နေတဲ့သူဆီကို နင်ပျင်းရင်ယွန်းဂီဆီသွား​လေ"

"သူဆီသွားရင်ပျင်းလွန်းလို့ရူးလိမ့်မယ် "

"​သေချာလို့လား နင်တို့နှစ်​ကောင်ကိုက်​နေတာနဲ့ပျင်းချိန်ရလို့လား"

"ထားပါနင့်ဆီလာရတာပိုငြိမ်းချမ်းတယ် ​ဒါနဲ့နင့်အတွင်း​ရေးမှုး​ကော"

"အလုပ်ထွက်သွားပြီ"

"​နောက်လူမရှာဘူးလား ရှာမ​တွေ့ရင်ငါ​ရှာ​ပေးရမလား"

"ရတယ် ဂျီမင်းက​မနက်ဖြန်အလုပ်စဆင်းမှာ"

"ဂျီမင်း ဟိုက​လေးလား"

Hold Me Tight(Completed)🐾Where stories live. Discover now